Homeသတင်းကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတံတားတစ်ခု မိုင်းခွဲဖျက်ဆီးခံရ

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတံတားတစ်ခု မိုင်းခွဲဖျက်ဆီးခံရ

-

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာကို ဆက်သွယ်ထားသော သံဘောင်ဘေလီတံတားတစ်စင်း မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတံတားသည် ကျေးရွာနေပြည်သူများအတွက် အရေးပါသော တံတားဖြစ်ပြီး အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

“အဲဒီတံတားက အခုလို သံဘေလီတံတားဖြစ်ဖို့ အကြာကြီးစောင့်ခဲ့ရတာ။ အရင်လို အလုပ် မတွင်ဘူး။ အခုက ရှောင်သွားလို့ရနေရတယ်၊ အမြန်ဆုံး ပြင်ဖို့တော့လိုတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တံတားကို မည်သည့် အဖွဲ့အစည်း​ကဖောက်ခွဲခဲ့သည်ကို မသိရသေးကြောင်း၊ ဖောက်ခွဲသူများကို ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း နစက ကောင်စီက မတ်လ ၂၂ တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တံတားသည် ၃၂၄ ပေခန့် ရှည်လျားပြီး မိုင်းဒဏ်ကြောင့် ပေ ၆၀ ခန့် ပျက်စီးသွားကာ ကာလတန်ဖိုး သိန်း ၁၁၀ နီးပါး ပျက်စီးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျက်စီးသွားသည့် တံတားအား အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားနိုင်ရေး သက်ဆိုင်ရာများမှ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၁) ရက်က ရန်ကုန် – မော်လမြိုင် မီးရထားလမ်း၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ဘူတာနှင့် မရမ်းချောင်ဘူတာကြားရှိ ဦးကြာရိုး ရထားဘေလီတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

ဓါတ်ပုံ – မိုင်းခွဲဖျက်ဆီးခံရသည့် သံဘောင်ဘေလီတံတား

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts