spot_img
Tuesday, December 16, 2025
More
    spot_img
    HomeCovid 19မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးထပ်တိုးပြီး သံဖြူဇရပ်မြို့နယ်တွင် တစ်ဦးသေဆုံး

    မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးထပ်တိုးပြီး သံဖြူဇရပ်မြို့နယ်တွင် တစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၂)


    ပေါင်မြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၀ဦးထပ်တိုးပြီး သံဖြူဇရပ်မြို့နယ်တွင် အတည်ပြုလူနာတစ်ဦးသေဆုံးခဲ့သည်။


    ပေါင်မြို့နယ် ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် အထက်တန်းပြဆရာမတစ်ဦးနှင့် ကျောင်းသားကျောင်းသူအပါအဝင် မိသားစုဝင် ၁၀ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပညာရေးမှူးရုံးမှသိရသည်။


    အထက်တန်းပြဆရာမ နေမကောင်းသောကြောင့် ကိုဗစ်ပိုးစစ်ဆေးခဲ့ရာတွေ့ရှိခဲ့ပြီး ၎င်းနှင့်ဆက်စပ်သူများကို ထပ်မံစစ်ဆေးခဲ့ရာ ဆရာမ၏တစ်နှစ်အရွယ် ကလေးနှင့် အခြား ၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။


    “ဆရာမက ကိုဗစ်ကာကွယ်ဆေးမထိုးရသေးဘူး။ဆေးတွေစထိုးတော့ ကိုဝန်သည်တွေမထိုးရဘူးလေ။ ဆရာမ နေမကောင်းလို့ဆိုပြီး စစ်တော့ ကလေးရော အမေရောတွေ့တာပဲ။ ကျန်တဲ့ ၈ယောက်က ကျန်းမာရေးကောင်းကြပါတယ်။ ကလေးငယ်လေးကတော့ အဖျားနည်းနည်းရှိသေးတယ်” ဟု လိုက်ပါဆောင်ရွက်ပေးနေသူ ပရဟိတသမားတစ်ဦးကဆိုသည်။


    ပိုးတွေ့ရှိသူများမှာ အဟောက်ကျေးရွာမှ အသက် ၄၀အရွယ် အထက်တန်းပြဆရာမ၊ ဆရာမ၏ ဖခင်ဖြစ်သူ အသက် ၆၇နှစ် အမျိုးသား၊ ဆရာမ၏ မိခင်ဖြစ်သူ အသက် ၆၈နှစ်အရွယ် အမျိုးသမီး၊ အသက် ၃၃နှစ်နှင့် အသက် ၂၈ရှိ ဆရာမ၏ ညီမနှစ်ယောက်နှင့် ဆရာမ၏သားဖြစ်သူ အသက် ၁နှစ်၊ ကျားဘိုကျေးရွာမှ အသက် ၁၇အရွယ် ကျောင်းသားနှစ်ဦးနှင့် ဒရိန်းကျေးရွာမှ ကျောင်းသူတစ်ဦးတို့ ဖြစ်ကြသည်။


    ထို့ပြင် သံဖြူဇရပ်မြို့နယ် အောင်ချမ်းသာရပ်ကွက်မှ အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၁၁ရက်နေ့ ည ၉ နာရီအချိန်ခန့်တွေ သေဆုံးခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။


    သေဆုံးသူအမျိုးသမီးမှာ အိတ်အိုင်ဗီရောဂါ ခံစားနေရသူတစ်ဦးဖြစ်ပြီး သေဆုံးသွားပြီးနောက် ဆေးရုံတွင် ကိုဗစ်ပိုး စစ်ဆေးရာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts