Homeသတင်းဘုန်းကြီးမောင်းနှင်သောကားတိုက်မိသဖြင့် ၁၀ တန်းကျောင်းသူသေဆုံး၊ ၃ ဦးဒဏ်ရာရ

ဘုန်းကြီးမောင်းနှင်သောကားတိုက်မိသဖြင့် ၁၀ တန်းကျောင်းသူသေဆုံး၊ ၃ ဦးဒဏ်ရာရ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၁၁)

မွန်ပြည်နယ် မော်လမြိုင်မြို့ ကြာအင်းဆည်မြောင်းလမ်းဝထိပ်တွင် ဇန်နဝါရီလ ၉ ရက်နေ့က ဘုန်းကြီးမောင်းနှင်သောကားဖြင့် ဆိုင်ကယ်တစ်စီး တိုက်မိခဲ့ပြီး ၁၀ တန်းကျောင်းသူတစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရာမည အရေး​ပေါ်လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

မုဒုံမြို့နယ်မှ ဘုန်းကြီး ၃ ပါး စီနင်းလိုက်ပါမောင်းနှင်လာသောကားဖြင့် ယဥ်တိုက်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲစခန်းမှ လာရောက်ဖမ်းဆီးလိုက်သည်ဟု ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

“ဆိုင်ကယ်ဘက်က လမ်းကူးတာ။ အဲ့တာကို ဘုန်းကြီးကားက ဘရိတ်အုပ်တာကို လီဗာနဲ့မှားဆွဲလို့ တိုက်တာလို့ဆိုတယ်”ဟု ၄င်းက ဆိုသည်။

ဒဏ်ရာရသူများနှင့် ပွဲချင်းပြီးသေဆုံးသူမိန်းခလေးကို မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဥ်များဖြင့် အသီးသီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း သံဖြူဇရပ်မြို့နယ်မှ အသက် ၁၂နှစ်အရွယ် ကျောင်းသူတစ်ဦးကို ဘုန်းကြီးတစ်ပါးမောင်းနှင်လာသောကားတိုက်မိ၍ သေဆုံးခဲ့သည်ကို သတင်းများက ဖော်ပြသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးမောင်းနှင်သောကားကြောင့် မကြာခဏယဥ်တိုက်မှုများဖြစ်ပွားခဲ့ပြီး ဘုန်းကြီးများ ကားမောင်းကြမ်းသည်ဟု ဒေသခံများက ဝေဖန်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts