Homeငြိမ်းချမ်းရေးဒေါက်တာအေးဇံအပေါ် ထပ်တိုးတရားစွဲဆိုထားသော အမှု ၃ ခုအတွက် တရားလိုသက်သေရောက်မလာသောကြောင့် အမှုမစစ်ဖြစ်

ဒေါက်တာအေးဇံအပေါ် ထပ်တိုးတရားစွဲဆိုထားသော အမှု ၃ ခုအတွက် တရားလိုသက်သေရောက်မလာသောကြောင့် အမှုမစစ်ဖြစ်

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၆)



မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို  ရွေးကောက်ပွဲအတွင်း မလျှော်ဩဇာသုံးသည်ဟုဆိုကာ ထပ်တိုးတရားစွဲဆိုထားသော အမှု ၃ ခုအတွက် တရားလို သက်သေရောက်မလာသောကြောင့် အမှုမစစ်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးသည်ဟုသော စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)၊ ပုဒ်မ ၁၇၁(စ) အပါအဝင် အမှုထပ်တိုးထားပြီး ကျိုက်မရော ဗဟိုအကျဉ်းထောင်အတွင်းမှာ ဖွင့်လှစ်ထားသော  အထူးတရားရုံးတွင် ဒေါက်တာအေးဇံကို  စစ်ဆေးနေခြင်း ဖြစ်သည်။

ဒေါက်တာအေးဇံကို ဇွန်လ ၅ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း တရားလိုပြ သက်သေဖြစ်သည့် မြိုနယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ရုံးချိန်မ‌လာရောက်ခဲ့သောကြောင့် အမှုမစစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေါက်တာအေးဇံ အမှုကို စစ်ဆေးဖို့ လာမည့် ဇန်နဝါရီ ၁၂ ရက်သို့ ရုံးချိန်ပြန်လည် ရွေ့ဆိုင်း သတ်မှတ်ခဲ့ကြောင်း မော်လမြို့မြို့ ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဒေါက်တာအေးဇံကို စွဲဆိုထားသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး နောက်ထပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် အမှု ၉မှု ဖွင့်လှစ်ထားသောကြောင့် ဒေါက်တာအေးဇံသည် စုစုပေါင်း အမှု ၁၂ မှု ဖြင့် ထပ်မံတရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts