Homeသတင်းတောင်သူများချေးငွေ ကျပ်သိန်းပေါင်း ၂ သိန်းကျော် အစိုးရထံပြန်ဆပ်ရန်ကျန်ရှိဟုဆို

တောင်သူများချေးငွေ ကျပ်သိန်းပေါင်း ၂ သိန်းကျော် အစိုးရထံပြန်ဆပ်ရန်ကျန်ရှိဟုဆို

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၂၀)


မွန်ပြည်နယ်တွင် အစိုးရမှတောင်သူများအတွက် ထုတ်ချေးပေးခဲ့သော ချေးငွေ ၃ မျိုးမှ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ပြန်ဆပ်ရန်ကျန်ရှိနေသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ သိရှိရသည်။


၂၀၂၀ တစ်နှစ်လုံးအတိုင်းအတာနှင့် အစိုးရမှ တောင်သူများကို နွေစပါးချေးငွေ၊ ကိုဗစ်ကာလ အထူးချေးငွေနှင့်ဆောင်းသီးနှံချေးငွေအတွက် ငွေကျပ်သိန်းပေါင်း ၆ သိန်းကျော်ထုတ်ချေးခဲ့ပြီး ၂၀၂၁ ခုနှစ်ကုန်တွင် ချေးငွေ ကျပ်သိန်းပေါင်း ၂၃၉၂၇၇ သိန်း ပြန်ဆပ်ရန်လိုနေသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။


“ရှေ့က နွေစပါးချေးငွေတွေ၊ ကိုဗစ်အထူးချေး‌ငွေတွေပြန်ဆပ်ရင် အကြောင်းအရင်းကတော့ အမျိုးမျိုးပါဘဲ။ ပြန်မဆပ်နိုင်ကြတာတွေရှိသလို တမင် ပြန်မဆပ်တာတွေလည်း ရှိတယ်။ ဒါကြောင့် ဆောင်းသီးနှံချေးငွေလည်း ထုတ်ချေးပေးတာမျိုး မရှိသေးပါဘူး”လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ ဒေါ်ချိုချိုခင်က ဆိုသည်။


၂၀၂၀တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ ၃၇၄၅၀ဦးအတွက် နွေစပါးချေးငွေ ကျပ်သိန်းပေါင်း ၄၂၂,၂၁၈ သိန်း ထုတ်ချေးခဲ့သည့်အနက် ကျပ်သိန်း ၁၁၇,၆၀၄ သိန်းသာပြန်ဆပ်ကြောင်း၊ ကိုဗစ်အထူးချေးငွေကိစ္စတွင် လူ ၃၂,၆၃၇ ဦးအတွက် ကျပ်သိန်း ၁၂၃,၃၅၇ သိန်း ထုတ်ချေးခဲ့ပြီး ကျပ်သိန်း ၆၀,၉၇၁ သိန်းသာ ပြန်ဆပ်ကြောင်းနှင့် ဆောင်းသီးနှံချေးငွေကို တောင်သူ ၉၄၄၄ ဦးအတွက် ကျပ်သိန်း ၇၆,၄၉၇ သိန်းထုတ်ချေးခဲ့ပြီး ကျပ်သိန်း ၆၀,၉၇၁ သိန်းသာ ပြန်ဆပ်ခဲ့ကြောင်း သိရသည်။


ချေးငွေများပြန်ဆပ်ရန်ကျန်ရှိနေသူ တောင်သူဦးရေ ၃ သောင်းကျော်ကျန်ရှိနေပြီး ၂၀၂၁ ဆောင်းသီးနှံချေးငွေအတွက် အများစုမှာ ချေးငွေလိုအပ်နေကြောင်း တောင်သူတစ်ဦးက ဆိုသည်။


“ချေးငွေကို ကျွန်တော်တော့မယူထားဘူး။ အရင်နှစ်ကဟာတေ့ဆပ်ပြီးပြီး။ ကမ်းနားဘက်က လယ်သမားတွေတော့ လိုတယ်။ ကျနော်ဆိုအဲဒီမှာ လယ် ၆ ဧက ရှိတယ်။ ၃ ဧကမှာက ခရုတွေဖျက်လို့ အရင်းလောက်ပဲရတယ်။ တခြားလယ်အများကြီးမရှိတဲ့သူတွေက အရင်ဟာလည်းမဆပ်နိုင်။ အသစ်လည်းထပ်မရ ဖြစ်နေကြတယ်။”ဟု တောင်သူတစ်ဦးဖြစ်သူ ဦးမင်းဝင်းလှက ဆိုသည်။

မွန်ပြည်နယ်တွင် ရေးမြို့နယ်မှလွဲပြီးကျန် ၉ မြို့နယ်ကို ဆောင်းသီးနှံချေးငွေအတွက် ချေးငွေများထုတ်ပေးနိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ သိရသည်။

ဆောင်းသီးနှံချေးငွေကို ၂၀၂၁ နိုဝင်ဘာလမှစတင်ထုတ်ချေးပေးနေပြီး ၂၀၂၂ ဇန်နဝါရီလကုန်တွင် ရပ်နားမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts