Homeသတင်းမွန်ပြည်နယ်တွင် ယခုနှစ်နေလှန်းဆားတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်ရန်လျာထား

မွန်ပြည်နယ်တွင် ယခုနှစ်နေလှန်းဆားတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်ရန်လျာထား

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၅)

မွန်ပြည်နယ်တွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ဆားထုတ်လုပ်မှုရာသီအတွင်း နေလှန်းဆားကြမ်းတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်ရန် လျာထားကြောင်း ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မွန်ပြည်နယ်နေလှန်းဆားက ၂၀၂၁-၂၂ ခုနှစ် ဆားရာသီအတွက် လိုင်စင်တင်ထားတဲ့ ဧက ၄၂၄၁ ဒဿမ ၉၀ ရှိတယ်။ ထုတ်လုပ်မယ့် ဆားက တန်ချိန် ၄၂၅၀ ထုတ်ဖို့ လျာထားတယ်”ဟု ပြည်နယ်ဆားလုပ်ငန်းဦးစီးဌားနက တာဝန်ရှိသူက ပြောသည်။

လိုင်စင်တင်သည့် ဆားထုတ်လုပ်သည့် လုပ်ငန်းရှင်သည် သံဖြူဇရပ်မြို့နယ် ၇၃ ဦး၊ ပေါင်မြို့နယ် တစ်ဦး၊ ရေးမြိုနယ်မှ ၁၃ ဦး စုစုပေါင်း ၈၇ ဦး ရှိကြောင်း ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာ လကုန်ထိ မိုးရွာခဲ့သောကြောင့် ဆားထွက်ချိန်သည် ဒီဇင်ဘာလကုန်လောက်ထိ အနည်းငယ် နောက်ကျနိုင်ကြောင်း ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ထွက်တာကတော့ အရင်နှစ်တွေနဲ့ အတူတူလောက်ပဲ ဆားထွက်တာတော့။ အခုချိန်မှာတော့ ဆားသစ်ထွက်တဲ့ကွင်းတွေ တစ်ချို့ကတော့ ကျုံးပြီးကုန်ပြီ။ တစ်ချို့ကွင်းတွေတော့ နည်းနည်းနောက်ကျတာပေါ့”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်ထွက် ဆားများကို တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နှင့် မန္တလေးတိုင်းဒေသကြီးထိ တင်ပို့ရောင်းချနေကြောင်း ဆက်ပြောသည်။

ယခင်နှစ်တွင် မွန်ပြည်နယ်အတွင်း လိုင်စင်တင် ဆားဧက ၄၂၁၄ ဒဿမ ၇၄ဧက ရှိပြီး ဆားတန်ချိန် လေးသိန်းနီးပါး ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဆားကွင်းဧကသည် သံဖြူဇရပ်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ရေးမြိုနယ်သည် ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts