HomeCovid 19ပေါင် မြို့မရဲစခန်း အချုပ်သား ၁၇ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ပေါင် မြို့မရဲစခန်း အချုပ်သား ၁၇ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၁၂)

ပေါင်မြို့ မြို့မရဲစခန်းမှ အချုပ်သား၁၇ ဦး ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ရက်သတ္တတစ်ပတ်ခန့် ဖျားနေသူ အချုပ်သားတစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးကြည့်ရာမှ ၎င်းနှင့်နီးစပ်သူများကို ထပ်မံစစ်ဆေးရာ ကိုဗစ်ရောဂါပိုးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဖျားနေလို့ဆိုပြီး စစ်လိုက်တာတွေ့တာပဲ။ သူ့ကိုအောက်ဆီဂျင်ပေးထားရပေမယ့် အခြေအနေကောင်းပါတယ်၊ သူနဲ့ စပ်ဆက်တဲ့ ၃၂ ဦးကို ထပ်စစ်တော့ ၁၆ ဦးမှာ ကိုဗစ်ပိုး ထပ်တွေ့ပြန်တယ်”လို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပိုးတွေ့ရှိသူမှာ ပေါင်မြို့နယ် ကျွဲခြံကျေးရွာမှ အသက်(၄၅)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်ထိစပ်သူ အခြားအမျိုးသား ၁၆ ဦးတွင်လည်း ပိုးတွေ့ရှိခဲ့သည်။

ပေါင်မြို့နယ်တွင်ကိုဗစ် ၁၉ရောဂါပိုး ကင်းစင်နေသည်မှာ နှစ်လခန့်ရှိပြီး ယမန်နေ့တွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

ပိုးကူးစက်ခံရသည့်အမျိုးသားမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဗီဇမျိုးကွဲပိုး အိုမီခရွန်မဟုတ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ပေါင်မြို့နယ်တွင် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးသူဦးရေ ၈ သောင်းကျော်အထိရှိပြီး အောက်ဆီဂျင်လိုအပ်မှု မရှိသောကြောင့် ပေါင်မြို့နယ် အောက်စီဂျင်စက်ရုံ ယာယီပိတ်ထားရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts