spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးသံဖြူဇရပ်မြို့ပေါ် ညမထွက်ရအချိန် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

    သံဖြူဇရပ်မြို့ပေါ် ညမထွက်ရအချိန် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာလ ၉)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက် ထိပ်တန်းအရက်ချက်စက်ရုံရှေ့တွင် ညမထွက်အချိန် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီကျော်ခန့်က သံဖြူဇရပ်မြိုခံ အသက် ၅၀ နှစ်ရှိ ဦးသားငယ် နောက်ကျောဘက်ကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သေဆုံးသူမိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “ကာဖျူးအချိန်​မှာ စစ်တပ်က အိမ်စီးကားနဲ့အမြဲကင်းလှည့်နေတာ။ ဦးသားငယ်ဆုံးသွားတဲ့ ဇရပ်နားမှာ သွေးကွက်ကြီးတွေတောင် ရှိသေးတယ်။”ဟု ၄င်းကဆိုသည်။

    လတ်တလောနိုင်ငံရေးအခြေအနေကြောင့် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ကာဖျူးညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို သံဖြူဇရပ်မြို့နယ်အပါအဝင် မော်လမြိုင်၊ ရေး၊ ချောင်းဆုံ၊ ပေါင်နှင့် ဘီးလင်းမြို့တို့တွင် သက်ဆိုင်ရာက ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် သံဖြူဇရပ် ရဲတပ်ဖွဲ့ နယ်ထိန်း ဦးခိုင်လင်းက” ဖြစ်စဥ်မှန်ပါတယ်။ ဘယ်သူဘယ်ဝါပစ်သွားတာလဲကျွန်တော်တို့မသိပါဘူး။ လူတွေပြောနေတဲ့လှည့်ကင်းကားဆိုတာမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှည့်ကင်းက ကျွန်တော်တို့လှည့်တာပါ”ဟု ဆိုသည်။

    ဒီဇင်ဘာလ ၆ရက်နေ့ညတွင်လည်းသထုံမြို့နယ် ဝါးဂုတ်ကျေးရွာတွင် အသက် ၆၀ အရွယ်ခန့်ရှိ ဦးမောင်ထွေး သူ၏တူဖြစ်သူနှင့်ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts