spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်သားများအလောင်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ဒဏ်ချမှတ်ခံရ

    စစ်သားများအလောင်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ဒဏ်ချမှတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၉)

    တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သားများအလောင်းကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင်ဦးကျော်ဝင်းကို ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

    ဦးကျော်ဝင်းကို ကျိုက်မရောတရားရုံးမှ အသားရေဖျက်မှုအတွက်ထောင်ဒဏ် ၃ လကို အောက်တိုဘာလတွင်ချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅ (က)အတွက် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်ထပ်မံကျခံစေရန် ဆုံးဖြတ်ခဲ့သည်။

    “မနေ့ကပဲအမိန့်ချလိုက်ပါတယ်။ မိသားစုကတော့ ဘာဆက်လုပ်ကြမလဲ စဥ်းစားနေကြတုန်းပါဘဲ။ အခုတော့သူက ကျိုက်မရောထောင်ထဲမှာပဲ”ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    အောက်တိုဘာ ၂၀ ရက်နေ့က သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမကြီးပေါ် အနန်းကွင်းနှင့် တောင်စွန်စခန်းအကြား မော်တော်ကားမိုင်းထိသဖြင့် စစ်တပ်ဘက်မှကျဆုံးခဲ့သော ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၆ ဦး၏အလောင်းကို သယ်ဆောင်လာပြီး ဓါတ်ပုံမှတ်တမ်းတင်ခဲ့၍ လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့သည်ဟု သိရသည်။

    တိုက်ပွဲအတွင်းကျဆုံးသူ စစ်သားများအလောင်းကို သံဖြူဇရပ်နာရေးကူညီမှုအသင်းမှ သွားကောက်ခဲ့သည့် အသင်းဝင် ၄ ဦးစလုံးအဖမ်းခံခဲ့ရကြောင်း၊ သို့ရာတွင် ၃ ဦး​ပြန်လည်လွတ်မြောက်ခဲ့ပြီး ရုပ်အလောင်းဓာတ်ပုံများကို ဦးကျော်ဝင်းက Facebook စာမျက်နှာတွင် ဖြန့်ဝေခဲ့သောကြောင့် အသရေဖျက်မှုအပါအဝင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts