spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးNUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

    NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၇)

    NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံတွင် ညဘက် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

    ရဲနှင့်စစ်သား အင်အား ၂၀ ကျော်ဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဒေါက်တာ ချမ်းမြေ့အောင်ကို ငွေမိုးဆေးရုံ၌ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    “အခုတော့ အထဲမှာအဆင်ပြေပါတယ်။ မြို့မ ရဲစခန်းမှာပါပဲ။ အချုပ်ခံထားရတာမဟုတ်ပေမယ့် မေးမြန်းစစ်ဆေးစရာတွေရှိသေးလို့ဆိုပြီးမလွှတ်သေးပါဘူး။”ဟု ဒေါက်တာချမ်းမြေ့အောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    ဒေါက်တာချမ်းမြေ့အောင်သည် သာသနာနွယ်ဖောင်ဒေးရှင်းမှဖွင့်လှစ်ထားသော ဇီဝိတဒါနအခမဲ့​ဆေးခန်းတွင် အခမဲ့ဆရာဝန်အဖြစ် ပရဟိတတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လတ်တလောတွင် ဆရာဝန်မရှိသောကြောင့်ဆေးခန်း ယာယီပိတ်ထားရကြောင်း သိရသည်။

    “လွတ်တယ်လို့ ကြားရပေမယ့် အခုထိတော့တကယ်မလွတ်သေးပါဘူး။ ဆရာပြန်လွတ်လာတာနဲ့ဆေးခန်းပြန်ဖွင့်မှာပါ။ ဘာကြောင့်ဖမ်းသွားတာလဲဆော့ ဆရာတော်တို့အခုထိ မသိရသေးပါဘူး” လို့ သာသနာနွယ်ဖောင်ဒေးရှင်းမှ အရှင်စန္ဒဇောတိက ပြောသည်။

    ဒေါက်တာချမ်းမြေ့အောင်သည် လွန်ခဲ့သော ၃ နှစ်ခန့်က စစ်တပ်မှနှုတ်ထွက်ခဲ့သော စစ်ဆရာဝန်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလအတွင်း နယ်လှည့်ကာဆေးကုသပေးခဲ့သူဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts