spot_img
Monday, December 15, 2025
More
    spot_img
    HomeCovid 19၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ကြန်မကျခင် စစ်ဆေးသွားမည်

    ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ကြန်မကျခင် စစ်ဆေးသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၆)

    ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဧပြီလအတွင်း သင်္ကြန်ကာလ မကျရောက်ခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    နေပြည်တော်တွင် နိုဝင်ဘာ ၂၆ ရက်က နေ့လည်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “စာမေးပွဲစစ်ဆေး ဆောင်ရွက်သွားမယ့် အ‌ခြေအနေအနေနဲ့ ကျောင်းသားများရဲ့ သင်ယူမှု တက်မြောက်မှုကို တိုင်းတာဖို့ ကျောင်းတွင်း စစ်ဆေးအကဲဖြတ်ခြင်းကို ပထမနှစ်ဝက်စစ်ဆေးခြင်းနဲ့ နှစ်ဆုံး စစ်ဆေးခြင်းဆိုပြီး နှစ်ကြိမ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    အခြေခံပညာအဆင့် စာမေးပွဲများကို ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုကို ဇန်နဝါရီလတွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဆုံးစာမေးပွဲကို မတ်လအတွင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာကျောင်းများအတွက် သင်ကြားနေသော သင်ရိုးညွှန်တန်းများထဲမှ ၆၀ ရာခိုင်နှုန်းကို စာသင်ကျောင်းတွင် သင်ကြားပေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

    ကျန်ရှိနေသည် ၄၀ ရာခိုင်နှုန်းကို ကိုယ်တိုင်လက်တွေ့လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အိမ်တွင် သင်ကြားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာစာသင်ကျောင်းများ ပြမ်ဖွင့်သည့်အချိန်၌ ကျောင်းလာအပ်သည့် ကျောင်းသားဦးရေ ၄၇သိန်းကျော် ရှိပြီး ကျောင်းတက်ရောက်နေသူ ဦးရေ ၃၃ သိန်းကျော် ရှိသောကြောင့် ရာခိုင်နှုန်း ၇၀ ကျော် ကျောင်းလာရောက် တက်ရောက်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး ပြောကြားခဲ့သည်။

    ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတွေကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်ကနေစပြီး လာမည့် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန-ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

    သို့ရာတွင် နိုင်ငံအတွင်း ၄၆ မြို့နယ်၌ စာသင်ကျောင်းများ မဖွင့်လှစ်‌ရသေးကြောင်း၊ အဆိုပါ မြို့နယ်များတွင် ကိုဗစ်ရောဂါ ကူးစက်မှု လျော့ကျလာမှသာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts