spot_img
Saturday, May 18, 2024
More
    spot_img
    HomeCovid 19မော်လမြိုင် အမှတ် (၁) ဈေးကြီးအား ပြန်ဖွင့်ခွင့်ပေး

    မော်လမြိုင် အမှတ် (၁) ဈေးကြီးအား ပြန်ဖွင့်ခွင့်ပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂၄)

    မော်လမြိုင်မြို့နယ်အတွင်းရှိ အမှတ် (၁) ပြည်သူ့ဈေးကြီးအား အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ ပြန်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဈေးကော်မတီထံမှ သိရသည်။

    အမှတ်(၁)ဈေးအတွင်းရှိ ဆိုင်ရှင်နှင့်အလုပ်သမားအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့် ထောက်ခံချက် ရှိရမည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုးက ပြောသည်။

    “ဆိုင်ရှင်တွေက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ဖြစ်ရမယ်။ တစ်ကြိမ် နှစ်ကြိမ်ပေါ့။ ဆိုင်ရှင်ရော အလုပ်သမားရော အဲထောက်ခံချက်ကို လာစစ်တဲ့အခါ ပြနိုင်ရင်ရပြီ။ အဲလောက်ပဲ”ဟု ၄င်းကပြောသည်။



    ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ၊ နှစ်ကြိမ် ထိုးထားပြီးသည့် ဆိုင်ရှင် နှင့် အလုပ်သမားများသည် ဆေးထိုးပြီးသည့် ထောက်ခံချက် မိတ္တူကို ဈေးတာဝန်ရုံးသို့ လာရောက်ပြသရမည်ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနမှ လာရောက်စစ်ဆေးရာတွင် ၄င်းထောက်ခံချက်ကို ပြသနိုင်ရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

    ယခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ဈေးပြန်ဖွင့်ခွင့်ရ‌သည့်အတွက် ဝမ်းသာမိကြောင်း အမှတ်(၁)ဈေးမှ အထည်ဆိုင်ပိုင်ရှင် မအေမီစိုးက ပြောသည်။

    “အရမ်းပျော်တာပေါ့နော်။ အခုက ကထိန်တွေ ပွဲတော်တွေလာမယ့် ပွင့်လင်းရာသီဆိုတော့ အထည်တွေ၊ အလှကုန်တွေက ရောင်းရပြီလေနော်။ ဈေးပြန်ဖွင့်ခွင့်ရတော့ ဈေးသူဈေးသားတွေအတွက် အဆင်ပြေတာပေါ့”ဟု ၎င်းက ပြောသည်။

    ဈေးဆိုင်ရှင်များသာမက ဈေးကို မှီခိုနေသော အလုပ်သမားများ၊ ပျံကျဈေးသည်များအတွက်လည်း စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်ကြောင်း ဆက်ပြောသည်။

    ဈေးပြန်ခွင့်ခွင့်ပေးထားသော်လည်း ဆိုင်တည်ခင်းရောင်းချနေသော ဆိုင်များ နှင့် အလုပ်သမားများသည် ကိုဗစ် စည်းကမ်းချက် နှင့်အညီ ရောင်းချရမည်ဖြစ်ကြောင်း ဈေးကော်မတီက သတိပေးထုတ်ပြန်ထားသည်။

    မော်လမြိုင်မြို့မြို့ အမှတ်(၁)စျေးကြီးနှင့် မြိုင်ရတနာဈေးတို့တွင် ဆိုင်ခန်းပေါင်း (၂၀၀၀)ကျော်ရှိပြီး ဈေးကိုမှီခိုလုပ်ကိုင်နေရကြသည့် အလုပ်သမားပေါင်း (၄၀၀၀)ကျော်ခန့် ရှိကြောင်း စျေးကော်မတီစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts