Homeသတင်းတနင်္သာရီ တိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းကျော် ဖမ်းမိ

တနင်္သာရီ တိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းကျော် ဖမ်းမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၁)

တနင်္သာရီတိုင်းဒေသကြီးတွင် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရာ ရန်ကုန်- မြိတ်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်၌ လိုက်ပါလာသော ခရီးသည် သောင်းကျော်လင်း၏ ‌ကျောပိုးအိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၅၀ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၆၂.၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ သောင်းကျော်လင်း ၃၈နှစ်အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ အောက်တိုဘာ ၁၀ ရက် ညပိုင်းက တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြိုနယ်၊ ရွှေပြည်စိုးကျေးရွာနေ သိန်းမြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ထားသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်နေ အောင်ဇော်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၁၆၀ ကို သိမ်းဆည်းရမိသည်။

စိတ်ကြွရူးသွပ်ဆေးပြားအပြင် ပွိုင့် ၂၂ သုံးထောင့်ထိုး သေနတ် တစ်လက် နှင့် ၎င်း၏ ကျည် ၂၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသော်လည်း မည်သို့အရေးယူထားသည်ကို မသိရသေးသော်လည်း သိန်းမြင့် (၄၆) နှစ်နှင့် အောင်ဇော်ဦး (၂၄) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts