Homeငြိမ်းချမ်းရေးပေါင်မြို့နယ် YMBA အသင်းနာယကတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

ပေါင်မြို့နယ် YMBA အသင်းနာယကတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၇)

ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အသင်း နာယကတစ်ဦးဖြစ်သူ ဦးခင်မောင်ဦးအား အမည်မသိ အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့သည်။

ဦးခင်မောင်ဦးက စွယ်တော်သုသာန်၊ မီးသဂြိုလ်စက်နားမှ ၎င်း၏ ဥယျာဥ်ခြံတွင်ရှိနေစဉ် အမည်မသိသေနတ်သမား တစ်ဦးမှ သေနတ် ၈ ချက်ခန့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်က မှန်ပါတယ်။ဒါက ပေါင်မြို့နယ်မှာ ပထမဆုံး ပစ်ခတ်ခံရတာပဲ။

M16 ကျည်တွေလည်းတွေ့တယ်။ ပစ်သွားတဲ့သူကိုမမိသေးဘူး။”ဟု ရဲအသိုင်းအဝိုင်းမှစုံစမ်း သိရှိရသည်။

ဦးခင်မောင်ဦးသည် စွယ်တော်သုသာန်အနီးတွင် ဥယျာဥ်ခြံလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ယခင်က စာရေးဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

သေနတ်နဲ့ပစ်ခတ်ခံရသော ဦးခင်မောင်ဦးမှာ ဦးခေါင်းကြွေမွဒဏ်ရာများရရှိပြီး  ပစ်ခတ်ခံရသည့်နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ ရေးမြို့နယ် အစင်ကျေးရွာ YMBA အသင်းအတွင်းရေးမှူး ဦးကျော်သူထွန်းသည်လည်း စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းက သေနတ်ဖြင့် ၃ ချက်လုပ်ကြံခံခဲ့ရသော်လည်း အသတ်ဘေးမှ လွတ်မြောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts