HomeCovid 19ရပ်နားထားရသော ကျောက်သင်ပုန်း လုပ်ငန်းများ ပြန်လည်စတင်

ရပ်နားထားရသော ကျောက်သင်ပုန်း လုပ်ငန်းများ ပြန်လည်စတင်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၆)

မွန်ပြည်နယ်၊ ဘီလူးကျွန်းတွင် အဓိက လုပ်ကိုင်ကြသော ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြိုနယ်ရှိ ဟိုတယ်လုပ်ငန်းများမှ ကျောက်သင်ပုန်းများကို အော်ဒါမှာယူခဲ့သဖြင့် လုပ်ငန်းများ ပြန်စတင်နေပြီဖြစ်ကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

“သူတို့ပြောတာတော့ ဟိုတယ်မှာ သူတို့ပြန်သုံးဖို့ ဆိုဒ်ကြီးကြီးပေါ့။ သူတို့လိုတယ် အရွယ်အစား သူတို့လို့တဲ့ ဆိုဒ်အတိုင်း ကျွန်တော်တို့ လုပ်ပေးရတာပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်များမှ အလှဆင်ရန် နှင့် မီးနူး‌‌ ရေးသားရန်အတွက် ကျောက်သင်ပုန်း အော်ဒါများကို စက်တင်ဘာလကုန်ခါနီးမှ ရရှိလာကြောင်း ၄င်းက ဆက်ပြောသည်။

အခြေခံမူလတန်း ကျောင်းဖွင့်ချိန်ကိုသာ အဓိကအားကိုးကာ လုပ်ကိုင်ရောင်းချနေခြင်းဖြစ်ကြောင်း၊ လာမည့်သီတင်းကျွတ်ပြီးနောက် ကျောင်းပြန်ဖွင့်မည်ဆိုသောကြောင့် လုပ်ငန်းများကို အနည်းငယ်ပြန်လည် စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရွာလွတ်မှ ကျော်သင်ပုန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုကတော့ ဘောင်ရိုက်တာတွေ ဘောင်တပ်တာတွေ အဲဒါတွေတော့ ပြန်စလုပ်နေကြပြီ”ဟု ၎င်းက ပြောသည်။

ကိုဗစ်ဖြစ်ပွားမှု လျော့ကျကာ ခရီးသွားဝင်ရောက်မှု ပုံမှန်အတိုင်းလည်ပတ်နိုင်လာပါက ကျောက်သင်ပုန်းလုပ်ငန်းလည်း အဆင်ပြေလာမည်ဟု ယူဆကြောင်း ၄င်းကဆက်ပြောသည်။

ကိုဗစ်ပထမလှိုင်း ဖြစ်ပွားသည့် အချိန်မှ စတင်ကာ ကျောက်သင်ပုန်းလုပ်ငန်းများကို ရပ်နားထားခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုပါ ဆက်လက်ဖြစ်ပွားခဲ့‌သောကြောင့် လုပ်ငန်းရပ်နားရသည်မှာ ၂- နှစ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts