Homeငြိမ်းချမ်းရေးနှီးပဒေါ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရ သေဆုံး

နှီးပဒေါ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရ သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁-သြဂုတ် ၁)

မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်း အား ပြီးခဲ့သည့်ညနေပိုင်း (ဇူလိုင် ၃၁) က နေအိမ်၌ သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရပြီးသံဖြူဇရပ်မြို့ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဦးမန်း နေအိမ်သို့ ဆိုင်ကယ်ဖြင့် သေနတ်သမား ၂ ဦး ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာ ကျောတွင် ၄ ချက်၊ ပေါင်တွင် တစ်ချက် ရရှိဒဏ်ရာဖြင့် သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံ သို့ပို့ဆောင် ကုသခဲ့ရာ ည ၇ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နစကကောင်စီလက်ထက်တွင် အာဏာပြန်ရလာသည့် ဦးမန်း သည် ရွာသားများအား ဧည့်စာရင်းစစ်၍ အာဏာပါဝါပြနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ကြောင်း Fecebook လူမှုစာမျက်နှာများပေါ်တွင် ဝေဖန်ခံနေသူ ဖြစ်သည်။  

ယခုဖြစ်စဥ်မှာ နစကကောင်စီလက်ထက်တွင် မုဒုံမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပထမဦးဆုံး လုပ်ကြံခံရခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း နစကကောင်စီ အသစ်ပြန်လည်ရွေးချယ်ခန့်အပ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ လုပ်ကြံပစ်သတ်ခံနေရခြင်းဖြစ်ပြီး လက်သည်တရားခံများအား သက်ဆိုင်ရာအာဏာပိုင်များက ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts