spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ် လိုအပ်သည့်အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရဟုဆို

    မွန်ပြည်နယ် လိုအပ်သည့်အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၂၃)

    နိင်ငံနှင့်အဝန်း လတ်တလော အောက်စီဂျင် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်ကာလတွင် မွန်ပြည်နယ်အတွင်း လိုအပ်နေသည့်အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “အောက်စီဂျင် မလုံလောက်တော့လည်း နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေကြတာပေါ့။ တချို့ကျတော့လည်း နယ်စပ်ကတစ်ဆင့် အသစ်တွေဝယ်တယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ တချို့ကျတော့ တခြားတိုင်းဒေသတွေကို သွားပြီးတော့ ယူတယ်ပေါ့။ တနင်္သာရီဘက်တို့ပေါ့။ အဲလိုမျိုးတွေလိုက်ရှာပြီး ဝယ်နေရတဲ့ အခြေအနေမျိုးတွေရှိတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မော်လမြိုင် သထုံနှင့် ရေးမြိုနယ်တို့တွင် အောက်စီဂျင်စက်ရုံရှိသော်လည်း လုံလောက်ခြင်းမရှိကြောင်း၊ နစကကောင်စီ စီစဥ်မှုဖြင့်ပြီးခဲ့သည့်အပတ်တွင် liquid oxygen တင်သွင်းခဲ့ရာ ၄၀ လီတာအိုးတစ်ထောင်ကျော်ရရှိခဲ့သော်လည်း သုံးလေးရက်အတွင်း ကုန်သွားကြောင်း၊ ထို့အတူ မော်လမြိုင် သံလွင်စက်ရုံမှ ဓါတုဗေဒနည်းဖြင့် တစ်နေ့လျင် အောက်စီဂျင် ၄၀ လီတာအိုး ၁၆၀ ကျော်ထုတ်လုပ်နေသော်လည်း လုံလောက်မှုမရှိသေးကြောင်း သိရသည်။

    မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ နန္ဒဝင်းက ” မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းမှာ လူနာတစ်ရာမှာ ၄၀ လောက်က အောက်စီဂျင် လိုအပ်လာပါတယ်၊

    မွန်ပြည်နယ်မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်နဲ့ ပေါင်းပြီး ဦးစွာပထမ liquid အောက်စီဂျင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လုပ်နိုင်ခဲ့ပေမယ့် liquid အောက်စီဂျင် ရရှိမှု အခြေအနေကတော့ အခု အလှူရှင်တွေက လာမယ့် သောကြာ‌နေ့ဆိုရင်တော့ အလှူရှင်တွေအားလုံး လှူဒါန်းမှာဖြစ်တဲ့အတွက် ပြည့်စုံလိမ့်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

    အောက်စီဂျင် ထုတ်လုပ်နိုင်မည့် အင်အားပေါ်မူတည်ပြီး မွန်ပြည်နယ်အတွင်းရှိ ဆေးရုံနှင့် စင်တာများကို ပေးသွားမှာဖြစ်ကြောင်း၊ ၁၀ မြို့နယ်အတွင်း ကိုဗစ်ကုသရေးစင်တာ ၂၅ ခုရှိရာ လူနာပေါင်း ၂၃၇၃ ဦးကို ဆေးကုသပေးလျက်ရှိကြောင်း ၄င်းကဆိုသည်။
    ၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၁ မေလကုန်အထိ မွန်ပြည်နယ်၏ ကိုဗစ်ပထမနှင့် ဒုတိယလှိုင်းအတွင်း လူနာပေါင်း ၃၇၅၃ ဦးအနက် ၅၄ ဦးသေဆုံးခဲ့ကြောင်း၊ ဇွန်လဆန်းပိုင်းမှ ဇူလိုင် ၂၀ ရက်နေ့အထိ ကိုဗစ်တတိယလှိုင်းကာလအတွင်း လူနာပေါင်း ၄၃၆၇ ဦးရှိသည့်အနက် ၁၉၈ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သိရသည်။

    ရေးမြို့အောက်စီဂျင်စက်ရုံ



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks