HomeCovid 19ကိုဗစ်ကုသစင်တာများ ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့်စိန်ခေါ်မှုရှိနေ

ကိုဗစ်ကုသစင်တာများ ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့်စိန်ခေါ်မှုရှိနေ

-

မွန်သတင်းအေဂျင်စီ၊ ၂၀၂၁ ဇူလိုင် ၂၁

မွန်ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို ဆေးကုသပေးနေသည့် စင်တာများတွင် ကျန်းမာရေးဝန်ထမ်းအင်အား ၆၅ ရာခိုင်နှုန်းဖြင့်သာ လူနာများကုသနေရသည့်အနေအထားမှာ မလုံလောက်သည့်စိန်ခေါ်မှုရှိနေနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း အတည်ပြုလူနာများနှင့် တိုက်ရိုက်ထိတွေ့ ကုသပေးနေရသောကြောင့် ကူးစက်ခံမှုများ ရှိနေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

“Positive ဖြစ်လာတဲ့အခါမှာတော့ အနားပေးလိုက်ရတဲ့ အခါမျိုးမှာ ဝန်ထမ်းအင်အားတွေ မလုံလောက်မှုတွေ ရှိလာပါတယ်။ အဲဒါကတော့ ဆရာတို့ရဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာ နန္ဒဝင်းက ပြောသည်။

လက်ရှိကုသနေရဆဲ ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်ရှိသည့်အနက် ၁၃၄ ဦးသည် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ရောဂါကူးစက်ခံရသူများ ဖြစ်ကြောင်း၊ သို့ရာတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသား Positive ဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများမှာ အသက်အန္တရာယ် စိုးရိမ်ရသည် အနေအထား မရှိဘဲ ပြန်လည်ကောင်းမွန်လာကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်မှ စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက “လူနာတွေကလည်း အရမ်းများလာတော့  ဝန်နဲ့အားနဲ့က မမျှ‌‌တော့ဘူး။ ဝန်ထမ်းအင်အား မလုံလောက်တော့ဘူးပေါ့။ ဖြစ်တဲ့သူတွေကလည်း အရမ်းများလာတယ်”ဟု ပြောသည်။

ကိုဗစ်ကုသစင်တာများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားသော်လည်း လူနာလည်းပိုမိုများပြားလာပြီး ဝန်ထမ်း အင်အား လိုအပ်နေဆဲဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ် ဇွန်လမှ ဇူလိုင်လ ၂၀ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၄၃၆၇ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁၉၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ပရိယတ္တိဓမ္မ ဗိမ္မာန်တော်ကြီး Isolation Ward (BoBo Win)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts