HomeCovid 19အခြေခံပညာကျောင်းများ ၂ ပတ်ယာယီပိတ်ထား

အခြေခံပညာကျောင်းများ ၂ ပတ်ယာယီပိတ်ထား

-

မွန်သတင်းအေဂျင်စီ ( ၉ ဇူလိုင် ၂၀၂၁)

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အချိန်မီထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေး နိုင်ငံတဝန်းဖွင့်လှစ်ထားသော အစိုးရ အခြေခံပညာစာသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ယနေ့ ဇူလိုင် ၉ ရက်မှ ၂၃ ရက်နေ့အထိ ၂ ပတ်ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ဗဟိုကော်မတီမှ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

ပညာရေးဝန်ထမ်းတစ်ဦးက “ ဒီကြားထဲမှာ ပညာရေးဝန်ထမ်းတွေရော ကလေးတွေပါ ကူးစက်ခံထားရတာရှိတော့ ပြန်ပိတ်သင့်ပါတယ်၊ ပိတ်ထားတဲ့ ကာလအတွင်းမှာဆိုရင်လည်း စာသင်ခန်း ပိုးသတ်ဆေးဖြန်းတာတွေ သေသေချာချာ လုပ်ဆောင်ပေးသင့်တယ်” ဟု ပြောသည်။

အလားတူ မွန်အမျိုးသားကျောင်းအားလုံးကိုလည်း ယနေ့ ဇူလိုင်လ ၉ ရက်နေ့မှ ၂၅ နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ သိရသည်။

“တစ်နိုင်ငံလုံးပိတ်တယ်ဆိုတော့ မွန်ကျောင်းတွေလည်းပိတ်ရတာပေါ့၊ ကျောင်းဖွင့်နိုင်အောင်လည်း အခက်အခဲကြားကတော်တော်လေးကို ကြိုးစားထားရတယ်၊ ပြန်ဖွင့်တဲ့အချိန်ကျရင်လည်း ကျောင်းပြန်တက်ကြဖို့ ကျွန်တော်ပြောချင်တယ်” သံဖြူဇရပ်မြို့နယ် မွန်အမျိုးသားကျောင်း ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ပြောသည်။

လက်ရှိမွန်ပြည်နယ်အတွင်း နေ့စဉ်အစုလိုက်အပြုံလိုက် ရောဂါကူးစက်ခံနေရပြီး ပြီးခဲ့သည့်မေလမှစ၍ ယခုအထိ အတည်ပြုလူနာစုစုပေါင်း ၂၀၀၀ နီးပါးနှင့် သေဆုံးလူနာ ၅၂ ဦးရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်ရောဂါအဖြစ်များသည့် မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်များကို Stay at home သတ်မှတ်ထားပြီး မွန်ပြည်နယ်တဝန်းတွင် ဈေးဆိုင်များပိတ်စေပြီး အခြေခံစားသောက်ကုန်များ အရောင်းဆိုင်များကိုသာ ရောင်းချခွင့်ပြုထားသည်။ 

မြန်မာတစ်နိုင်ငံလုံးအနေဖြင့်လည်း အစိုးရဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအပါအဝင်  လူတန်းစားအသီးသီး ကူးစက်ခံနေရပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၈ နေ့အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၈၇ ဦးရှိကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တစ်ရက်တည်းတွင် အတည်ပြုလူနာ  ၄၁၃၂ ဦး ထပ်မံတွေရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts