HomeCovid 19မော်လမြိုင် သထုံ သံဖြူဇရပ်မြို့နယ်များအား Stay at home သတ်မှတ်

မော်လမြိုင် သထုံ သံဖြူဇရပ်မြို့နယ်များအား Stay at home သတ်မှတ်

-

မွန်သတင်းအေဂျင်စီ (၇ ဇူလိုင် ၂၀၂၁)

လတ်တလော ကိုဗစ် ၁၉ ရောဂါတွေ့ရှိမှုနှုန်းမြင့်တက်လာသဖြင့် မွန်ပြည်နယ် မော်လမြိုင် သထုံ သံဖြူဇရပ်မြို့နယ်များအား Stay at home သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့ ကိုဗစ်အတည်ပြုပိုးတွေ့ရှိနှုန်းအရ မော်လမြိုင် ၂၂၈ ဦး၊ သံဖြူဇရပ် ၆၄ ဦး၊ သထုံ ၅၉ ဦး စုစုပေါင် မွန်ပြည်နယ်တစ်ခုလုံး ၄၅၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ရန်ကုန်တိုင်း မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်းနဲ့ မရမ်းကုန်းမြို့နယ် တို့ကို Stay at home အဖြစ် ယနေ့တွင်သတ်မှတ်လိုက်ပြီး မနက်ဖြန် နံနက် (၄) နာရီအချိန် စတင်အကြုံးဝင်မည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတဝန်းအနေဖြင့် ရှမ်း၊ ချင်း၊ မွန်ပြည်နယ်၊ မကွေး စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းနှင့် နေပြည်တော် တို့တွင် Stay at home မြို့နယ်နှင့် ဒေသ ၄၅ ခု ရှိလာပြီ ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၁၀,၈၉၅) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇၅,၉၂၃) ဦးကြောင်း၊ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၈၆၈) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၁,၂၅၅) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅၇) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၃,၅၇၀) ဦး ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts