Homeငြိမ်းချမ်းရေးဗိုလ်ချုပ်ကြီးယွက်စစ် အနားယူပြီး PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် NMSP ဒုဥက္ကဌ နိုင်အောင်မင်းကို တာဝန်ပေးအပ်

ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူပြီး PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် NMSP ဒုဥက္ကဌ နိုင်အောင်မင်းကို တာဝန်ပေးအပ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် – ၇)


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူလိုက်ပြီး မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်အောင်မင်းကို ယနေ့ (ဇူလိုင် ၇ ရက်) တွင် တာဝန်ပေးအပ်လိုက်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ NCA-S EAO က ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က PPST ယာယီအဖွဲ့ခေါင်းဆောင်မှ အနားယူလိုခြင်းကို ၂၀၂၁ ခုနှစ် ဇွန်လက PPST အဖွဲ့ဝင်များထံ စာပို့အကြောင်းကြားခဲ့သဖြင့် ၄င်းနေရာတွင် ယခုကျင်းပလျက်ရှိသည့် (PPST) အစည်းအဝေးက အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။

“နှစ်နှစ်ကျော်ကြာ ယာယီအဖွဲ့ခေါင်းဆောင်အဖြင့် ကျေပွန်စွာတာဝန်ယူထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးယွက်စစ်၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခြင်းမှ အနားယူလိုခြင်း ပန်ကြားချက်ကို ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးက လက်ခံအတည်ပြုပြီး ယာယီအဖွဲ့ခေါင်းဆောင်အဖြင့် ဗိုလ်ချုပ်ကြီးယွက်စစ်၏ နှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြုမှတ်တမ်းတင်ပါသည်”ဟု ထုတ်ပြန်ထားသည်။

PPST ၏ စတုတ္ထအကြိမ်မြောက် NCA-S EAO တို့၏ ထိပ်သီးအစည်းအဝေး (ဒုတိယပိုင်း) ပြီးမြောက်သည်အထိ ယာယီဦးဆောင်သွားရန် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်အောင်မင်းကို ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

PPST ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) တို့ဖြင့် ပထမဆုံး ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့်  မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည်။

PPST ကို စတင် ဖွဲ့စည်းစဉ်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လက PPST ၏ (၀၃/၂၀၁၉) အစည်းအဝေးကို ကျင်းပ၍ ဆုံးဖြစ်ချက်အရ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို PPST ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts