spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service ဖြင့် လိုင်စင်စတင်ပြုလုပ်ပေး

    လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service ဖြင့် လိုင်စင်စတင်ပြုလုပ်ပေး

    -

    မွန်သတင်းအေဂျင်စီ( ၂၀၂၁ ဇူလိုင် ၇)

    လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် ယနေ့မှစတင်၍ မော်လမြိုင် ကညနရုံးတွင် တရားဝင်လိုင်စင် စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပြည်နယ်ကညန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက ပြောသည်။

    “One Stop Service ပေါ့။ ပထမဆုံး ရုံးဝင်ထဲကို ဆိုင်ကယ်ဝင်လာမယ်။ ဝင်လာတာနဲ့ ခဲခြစ်မယ်။ ကွန်ပျုတာစိစစ်မယ်။ နှန်ကုန်ပြီဆို မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတောင်းခံမယ် ကညနကလည်း အမှုတွဲတည်ဆောက်တဲ့အခါ မူရင်းမိတ္တူတောင်းသလို အကောက်ခွန်ဦးစီးကလည်း အမှုတွဲတည်ဆောက်မှာဖြစ်တဲ့အတွက် အဲ နှစ်ရွက်ပေါ့ နှစ်စုံတောင်းမယ် တောင်းပြီးရင် နံပါတ်ပေးတယ်”ဟု ဒေါ်သိင်္ဂီတိုးက ပြောသည်။

    ဆိူင်ကယ်လိုင်စင်လုပ်ဆောင်ရာမှာ ကညန မှ ၂၄၅၀၀ ကျပ်၊ အာမခံအတွက် ၄၁၅၀ ကျပ်၊ မြန်မာစီးပွားရေးဘဏ်စာရွက်ခ ၅၀၀ ကျပ် နှင့် အကောက်ခွန်ဦးစီးဌာနက ၂၀၁၄ မှ ၂၀၂၁ထိ စီမံချက်တွင် ဖော်ပြထားသော ယာဉ်တန်ဖိုး ဇယား အတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မော်လမြိုင်ခရိုင်တွင် ဇူလိုင်လ ၇ ရက်မှ စတင်ပြီး သထုံခရိုင်တွင် ဇူလိုင် ၁၂ ရက် နောက်ဆုံးထား၍ စတင်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

    အဆိုပါ သတ်မှတ် အခွန်နှုန်းထားများတွင် တရုတ်နိုင်ငံထုတ် ၂၀၂၀ ပြည့်နှစ် ဆိုင်ကယ် ၁၂၆ စီစီမှ ၂၅၀ စီစီအတွင်း ၁,၆၂၀,၀၀၀ ၊ ထိုင်းနိုင်ငံထုတ်ဆိုပါ က ၃,၇၂၀,၀၀၀ ၊ ဂျပန်နိုင်ငံ ထုတ်ဆိုပါက ၄,၈၄၀,၀၀၀ ကျပ် ဇယားကွက်များဖြင့် ဖော်ပြထားသည်။

    စည်းကြပ်တန်ဖိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့်ခုနှစ် ၊ အင်ဂျင်ပါ၀ါ စီစီအလိုက် ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိ ပုံမှန်တင်သွင်းမှုများတွင် ကောက်ခံသည့်အတိုင်း အကောက်ခွန် ငါးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။

    ယင်းသို့ ဆိုင်ကယ်လိုင်စင်လာရောက်ပြလုပ်ရာတွင် မှတ်ပုံတင်မူရင်း၊ မိတ္တူ နှင့် အိမ်ထောင်စုစာရင်းလိုအပ်ပြီး အိမ်ထောင်စုစာရင်း ၏မပြောင်းရသေးသည့်လူတွေအတွက် ရပ်ကွက်ထောက်ခံစာ ယူခဲ့ရန် လိုအပ်မည်ဖြစ်သည်။

    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း လိုင်စင်မဲ့ ဆိုင်ကယ်များကို လာမည့် သြဂုတ် ၁၉ ရက်အထိ ရက်ပေါင်း ၃၀ ခန့်အတွင်း အလားတူ တရားဝင် လိုင်စင်ချထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး မှတ်ပုံတင်လိုင်စင် သက်တမ်းအား နှစ်နှစ် သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts