HomeCovid 19ကိုဗစ်အကာအကွယ်ပစ္စည်းများ ဈေးနှုန်းပြန်လည်မြင့်တက်နေ

ကိုဗစ်အကာအကွယ်ပစ္စည်းများ ဈေးနှုန်းပြန်လည်မြင့်တက်နေ

-

မွန်သတင်းအေဂျင်စီ (၅ ဇူလိုင် ၂၀၂၁)

တတိယလှိုင်းအသွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံန့ှံမှု များပြားလာချိန်တွင် ရောဂါ အကာအကွယ်ပစ္စည်းများဖြစ်သည့် Mask, Face shield နှင့် Hand-gel များ ဈေးနှုန်းပြန်လည်မြင့်တက်နေကြောင်း အရောင်းဆိုင်များမှ သိရသည်။

ပုံမှန် Mask တစ်ဘူး ၁၀၀၀ ကျပ်မှ ရက်ပိုင်းအတွင်း ၂၅၀၀ မှ ၃၀၀၀ ကျပ်အထိဈေးရှိနေပြီး Mask အမျိုးအစားအားလုံးနီးပါး ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်းလည်း မော်လမြိုင်မြို့ ဆေးအရောင်းဝန်းထမ်းတစ်ဦးက ပြောသည်။

“Hand-gel တွေက အဲ့လောက်ထိမဟုတ်ဘူး။ Mask ဈေးက အရမ်းသိသာတယ်။ စီးပွားရေးသမားတွေက သူတို့ိဝယ်လှောင်ထားတာ ကြာပြီး အခုလိုဈေးတက်နေတဲ့အချိန်မှာ ဈေးကြီးကြီးနဲ့ထုတ်ရောင်းလိုက်ရုံပဲ။ အခုဆိုပစ္စည်းပြတ်နေပြီ။ နောက်တစ်ခေါက်လာမဲ့ပစ္စည်းက ထပ်တက်ဖို့ပဲရှိမယ်” ဟု အရောင်းဝန်ထမ်းက ဆိုသည်။

ထို့အပြင် ယနေ့ (ဇူလိုင်လ ၅ ရက်) မှစ၍ မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြုပြီး ရောဂါအကာအကွယ်ပစ္စည်းဝယ်ယူရန် အခက်အခဲရှိလာခြင်းကြောင့်  ဈေးကြီးပေးဝယ်ယူနေရကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ဆိုသည်။

“ဈေးကြီးလည်းပိတ် အပြင်ဈေးတွေလည်းပိတ်တော့ Mask ကို အွန်လိုင်းကနေမှာတယ်။ ဈေးက နှစ်ဆလောက်ကိုထိုးတက်နေတာ၊ ကိုယ့်နိုင်ငံရဲ့ ထုံးစံပဲလို့ ပြောရမလားပေါ့နော်။ ဒီအတိုင်းဆိုရင် အရင်လို အဝတ် Mask တွေပဲချုပ်ဝတ်ရတော့မယ်” ဟုဆိုသည်။

ရောဂါကူးစက်မှု ဆက်တိုက်မြင့်တက်နေခြင်းကြောင့် မြို့နယ်အချို့တွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုပြီး လက်ရှိအချိန်အထိ သံဖြူဇရပ်မြို့နယ် တစ်ခုတွင် ရောဂါကူးစက်သူ ၄၁၄ အထိမြင့်တက်နေသည့်အတွက် ရပ်ကွက် ၅ ခုကို (Stay at Home ) နေထိုင်ရန် သတ်မှတ်ထားသည်။

မွန်ပြည်နယ်အတွင်း တစ်ကျော့ပြန်ကူးစက်မှုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ  ၈၀၀ ကျော်နှင့် သေဆုံးလူနာ ၁၇ အထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည့် စာရင်းများအရသိရသည်။

အိမ်သုံး ကိုဗစ်ကာကွယ်ရေးပစ္စည်းများ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts