Homeငြိမ်းချမ်းရေးတရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက ဖမ်းဆီးတော့မည်ဟု ယူဆပြောဆို

တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက ဖမ်းဆီးတော့မည်ဟု ယူဆပြောဆို

-

မွန်သတင်းအေဂျင်စီ (၂၂ ဇွန် ၂၀၂၁)

တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ သွားလာမှုမရှိစေရေးကိစ္စနှင့် ဆက်စပ်၍ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချောင်းဆုံမြို့နယ်သံဃာနာယကအဖွဲ့ထံ အကြောင်းကြားစာတစ်စောင် လူမှုကွန်ယက်ပေါ်ပြန့်နှံ့ထွက်ပေါ်လာပြီးနောက် လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက မကြာမီဖမ်းဆီးလာနိုင်ကြောင်း မော်လမြိုင်မြို့ ကားအရောင်းအဝယ်လောကတွင် ယူဆပြောဆိုနေကြသည်။ 

“ Without တွေကမစီးတာက အကောင်းဆုံးပေါ့ဗျာ ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ လိုင်စင်နဲ့စီးတာတောင် ခပ်ကြောက်ကြောက်စီးနေရတာ Without ဆိုရင်တော့ ပိုပြီးတော့ မစီးသင့်ဘူး၊ ဖြစ်လာလို့ရှိရင် ကိုယ်ပဲခံရမှာဆိုတော့၊ ဒီ ၆ လပိုင်း ၇ လပိုင်းမှာ အရမ်းသတိထားရမယ့် အချိန်တွေပဲလို့ ကျွန်တော်ထင်တယ်” ဟု မော်လမြိုင်မြို့မှ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူ ဦးကိုအောင်က ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် လိုင်းစင်မဲ့မော်တော်ယာဉ်များ ထားရှိမှုမရှိစေရေးနှင့် ရဟန်းသာမဏေများအနေဖြင့်လည်း တရားမဝင်လိုင်စဉ်မဲ့ မော်တော်ယာဉ်များ မောင်းနှင်မှုမရှိစေရေးတို့အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့မှတဆင့် ကြပ်မတ်ဆောင်ရွက်ပေးသွားရန် ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေမှူး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂီတိုးက “ အန်တီတို့ ကညနအနေနဲ့က မွန်ပြည်နယ်တစ်ခုလုံးကို ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ပြစ်မှုအရဖမ်းတာတွေလည်းရှိတယ် လိုင်စင်မဲ့ဖမ်းတာတွေလည်းရှိတယ် ဖမ်းတာတွေကို စလုပ်နေတာတော့ကြာပြီး နောက်လည်း ဆက်လုပ်သွားဖို့ရှိတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၀၁ စီး နှင့် ၂၀၁၉ ခုနှစ်တွင် ၂၈၅ စီးဖမ်းဆီးရမိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts