spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းကုန်ကျစရိတ်မြင့်တက်နေခြင်းကြောင့် ယခုနှစ်မိုးစပါး အကျိုးအမြတ်ရရှိရန်မသေချာဟု မွန်လယ်သမားများယူဆ

    ကုန်ကျစရိတ်မြင့်တက်နေခြင်းကြောင့် ယခုနှစ်မိုးစပါး အကျိုးအမြတ်ရရှိရန်မသေချာဟု မွန်လယ်သမားများယူဆ

    -

    မွန်သတင်းအေဂျင်စီ (၁၈ ဇွန် ၂၀၂၁)

    ယခုနှစ်မိုးစပါးစိုက်ရာသီတွင် လယ်ယာလုပ်ငန်းသုံး ဓါတ်မြေသြဇာ၊ စက်သုံးဆီ၊ အလုပ်သမားခနှင့် အထွေထွေစရိတ်များ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် အကျိုးအမြတ်ရရှိရန် မသေချာကြောင်း စပါးစိုက်တောင်သူ မွန်လယ်သမားများက ယူဆသည်။

    ကမာဝက်မြို့မှ စပါးစိုက်တောင်သူတစ်ဦးက “ အထွေထွေစရိတ်ဆိုတာ ကောက်စိုက်အလုပ်သမား ရှာတာကအစပေါ့ ရှာရခက်တော့ ဈေးအဆမတန်ပေးပြီးတော့ ငှားနေရတယ်၊ ဓါတ်မြေသြဇာဆိုလည်း ၄ သောင်းအထိဈေးရှိနေတော့ မြေသြဇာကို ဘယ်သူမှမတတ်နိုင်ကြဘူး၊ နောက်တစ်ခုက ကျွန်တော်တို့ဘက်ခြမ်းမှာအခုက မိုးကြီးနေတော့ ပျိုးပင်တွေမြုပ်နေတယ် ရေကလည်းမကျသေးဘူး ပြန်ပြုပြင်ရအုံးမယ် ဒီနှစ်လည်း လယ်သမားတွေက အကြွေးပေါ်ပြီး အကြွေးထပ်နေဦးမှာပါ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    လယ်ယာလုပ်ငန်းအတွက် အစိုးရချေးငွေများကို နီးစပ်ရာ လယ်ယာစိုက်ပျိုးရေးဘဏ်သို့ ယခုဇွန်လတွင် လျှောက်ထားနိုင်ပြီး တောင်သူတစ်ဦး ၁၀ ဧကအတွက် ထုတ်ချေးနိုင်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို အာမခံအဖြစ်ထားရှိကာ လယ်တစ်ဧက ငွေကျပ်တစ်သိန်းနှုန်း ထုတ်ချေပေးသွားမည်ဟု သိရသည်။

     “အခုမိုးတွင်းရောက်တာတောင် စပါးဈေးက မတက်ဘူးဖြစ်နေတယ် ဆန်စပါးဈေးကွက်မှာက စိုက်ပျိုးတဲ့တောင်သူတွေပဲအခက်တွေ့ပါတယ်”ဟု စပါးရောင်းဝယ်သူ နိုင်စိုးနိုင်က ပြောသည်။

    လက်ရှိစပါးဈေးကွက်တွင် ပေါ်ဆန်မွှေးစပါးတင်း ၁၀၀ လျှင် ၁၀ သိန်းဝန်းကျင်ရှိပြီး ကောက်ကြီးကဲ့သို့သော စပါးတင်း ၁၀၀ လျှင် ၉ သိန်းဝန်းကျင်ခန့်နှင့် အညံ့စားစပါးအမျိုးအစား ၈ သိန်းခန့်သာ ပေါက်ဈေးရှိကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်က မိုးစပါး ၆၉၁,၇၀၀ ဧက၊ ၂၀၁၉ ခုနှစ်က မိုးစပါး ၆၈၅,၀၀၀ ဧကခန့် စိုက်ပျိုးခဲ့ကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။

    မွန်သတင်းအေဂျင်စီ (၁၈ ဇွန် ၂၀၂၁)

    ယခုနှစ်မိုးစပါးစိုက်ရာသီတွင် လယ်ယာလုပ်ငန်းသုံး ဓါတ်မြေသြဇာ၊ စက်သုံးဆီ၊ အလုပ်သမားခနှင့် အထွေထွေစရိတ်များ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် အကျိုးအမြတ်ရရှိရန် မသေချာကြောင်း စပါးစိုက်တောင်သူများက ယူဆသည်။

    ကမာဝက်မြို့မှ စပါးစိုက်တောင်သူတစ်ဦးက “ အထွေထွေစရိတ်ဆိုတာ ကောက်စိုက်အလုပ်သမား ရှာတာကအစပေါ့ ရှာရခက်တော့ ဈေးအဆမတန်ပေးပြီးတော့ ငှားနေရတယ်၊ ဓါတ်မြေသြဇာဆိုလည်း ၄ သောင်းအထိဈေးရှိနေတော့ မြေသြဇာကို ဘယ်သူမှမတတ်နိုင်ကြဘူး၊ နောက်တစ်ခုက ကျွန်တော်တို့ဘက်ခြမ်းမှာအခုက မိုးကြီးနေတော့ ပျိုးပင်တွေမြုပ်နေတယ် ရေကလည်းမကျသေးဘူး ပြန်ပြုပြင်ရအုံးမယ် ဒီနှစ်လည်း လယ်သမားတွေက အကြွေးပေါ်ပြီး အကြွေးထပ်နေဦးမှာပါ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    လယ်ယာလုပ်ငန်းအတွက် အစိုးရချေးငွေများကို နီးစပ်ရာ လယ်ယာစိုက်ပျိုးရေးဘဏ်သို့ ယခုဇွန်လတွင် လျှောက်ထားနိုင်ပြီး တောင်သူတစ်ဦး ၁၀ ဧကအတွက် ထုတ်ချေးနိုင်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို အာမခံအဖြစ်ထားရှိကာ လယ်တစ်ဧက ငွေကျပ်တစ်သိန်းနှုန်း ထုတ်ချေပေးသွားမည်ဟု သိရသည်။

     “အခုမိုးတွင်းရောက်တာတောင် စပါးဈေးက မတက်ဘူးဖြစ်နေတယ် ဆန်စပါးဈေးကွက်မှာက စိုက်ပျိုးတဲ့တောင်သူတွေပဲအခက်တွေ့ပါတယ်”ဟု စပါးရောင်းဝယ်သူ နိုင်စိုးနိုင်က ပြောသည်။

    လက်ရှိစပါးဈေးကွက်တွင် ပေါ်ဆန်မွှေးစပါးတင်း ၁၀၀ လျှင် ၁၀ သိန်းဝန်းကျင်ရှိပြီး ကောက်ကြီးကဲ့သို့သော စပါးတင်း ၁၀၀ လျှင် ၉ သိန်းဝန်းကျင်ခန့်နှင့် အညံ့စားစပါးအမျိုးအစား ၈ သိန်းခန့်သာ ပေါက်ဈေးရှိကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်က မိုးစပါး ၆၉၁,၇၀၀ ဧက၊ ၂၀၁၉ ခုနှစ်က မိုးစပါး ၆၈၅,၀၀၀ ဧကခန့် စိုက်ပျိုးခဲ့ကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts