spot_img
Wednesday, January 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသေနတ်ပစ်ခတ်ခံထားရသည့် သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် SMJN တောင်းဆို

    သေနတ်ပစ်ခတ်ခံထားရသည့် သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် SMJN တောင်းဆို

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ ဧပြီ ၂၃)

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် သတင်းရယူနေသည့် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးအမှုဖွင့် အရေးယူထားမှုကို ပြန်လွှတ်ပေးရန် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (SMJN) မှ ဧပြီလ ၂၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ချက် တစ်ခု ကြေညာခဲ့ကြောင်း သိရသည်။

    သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူနေသည့် သတင်းထောက် ၂ ဦးကိုသေနတ်ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသည့်အပေါ် SMJN ကွန်ရက်အနေဖြင့် ကန့်ကွက်ရှုပ်ချကြောင်းနှင့် ဖမ်းဆီးအမှုဖွင့်ထားမှုကို ပြန်ရုတ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် Dakkhina Insight သတင်းဌာနက သတင်းထောက် ကိုနိုင်လင်းထွန်းကို ဧပြီလ ၂၁ ရက်နေ့ ဆန္ဒပြပွဲသတင်းရယူနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

    ထိုသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ Dakkhina Insight သတင်းဌာနက သတင်းထောက် ကိုနိုင်လင်းထွန်းကို ပစ်ခက်မှုကြောင့် ဦးခေါင်းတွင် ကျည်ဆန်ရှပ်ထိမှန် ဒဏ်ရာအနည်းငယ်ရရှိ ခဲ့ကြောင်းသိရသည်။

    ပစ်ခတ်ဖမ်းဆီးခံရသည့် ကိုနိုင်လင်းထွန်း၏ Laptop နှင့် ဖုန်းတိုကိုသိမ်းဆည်းသွားသည့်အပြင် သတင်းထောက် ကိုနိုင်လင်းထွန်းကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နှင့် အရေးယူထားကြောင်း သိရသည်။

    ထို့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ဓါတ်ပုံသတင်းရယူနေသည့် The Voice Of Thanbyuzayat သတင်းအေဂျင်စီ သတင်းထောက် ကိုထက်မြတ်သူကို စစ်ကောင်စီ တပ်ဖွဲ့က သေနတ်ပစ်ခတ်မှုကြောင့် ခြေထောက် ထုတ်ချင်းပေါက် ဒဏ်ရာဖြင့် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။

    ထို့အတူ အဆိုပါသတင်းထောက် ကိုထက်မြတ်သူကိုလည်း အကြမ်းဖက်စစ်ကောင်စီက သထုံမြို့မရဲစခန်းတွင် ချုပ်နှောင်ပြီး ရာသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အရေးယူထားကြောင်း သိရသည်။

    နိုင်ငံတဝန်းတွင် အချိန်အထိဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းထောက် ၆၀ ကျော်ရှိလာပြီး အနည်းဆုံး ၃၈ ဦးထက်မနည်း တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုရင်ဆိုင်နေရကြောင်း သတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts