Homeငြိမ်းချမ်းရေးNCA စာချုပ်စတင်ချိုးဖောက်သူမှာ စစ်ကောင်စီအဖွဲ့သာဖြစ်ဟု KNU တပ်မဟာ ၅ တုန့်ပြန်

NCA စာချုပ်စတင်ချိုးဖောက်သူမှာ စစ်ကောင်စီအဖွဲ့သာဖြစ်ဟု KNU တပ်မဟာ ၅ တုန့်ပြန်

-

မွန်သတင်းအေဂျင်စီ(၂၀၂၁ ဧပြီ ၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က NCA အပစ်ရပ်စာချုပ်ချိုးဖောက်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ ပြောဆိုမှုအပေါ် ကန့်ကွက်ကြောင်း မူတြော်ခရိုင် KNLA အမှတ် (၅) တပ်မဟာ က ယနေ့ (ဧပြီလ ၂၀ ရက်) ကြေညာချက်ထုတ်၍ တုန့်ပြန်လိုက်သည်။

အဆိုပါ KNU အမှတ် (၅) တပ်မဟာနယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီ စစ်တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA စာချုပ်ချိုးဖောက်သူများမှာ KNLA အမှတ် (၅) တပ်မဟာမဟုတ်ဘဲ တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူသည့် စစ်ကောင်စီတပ်ဖွဲ့များသာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

“KNLA အမှတ် (၅) တပ်မဟာသည် ခေါင်းမာပြီး ငြိမ်းချမ်းရေးကိုမလိုလားပဲ NCA စာချုပ်ကို ချိုးဖောက်နေခြင်းမဟုတ်ပါ။ KNLA အမှတ် (၅) တပ်မဟာသည် ညီတူညီမျှ တန်းတူအခွင့်အရေးရရှိသည့် တကယ်စစ်မှန်သော ငြိမ်းချမ်းရေးကိုသာ လိုလားပါသည်။ ညီတူညီမျှ တန်းတူအခွင့်အရေးမရှိသည့် အတုအယောင်ငြိမ်းချမ်းရေး၊ —- စစ်အာဏာရှင်ပေးမည့် ကျွန်ငြိမ်းချမ်းမျိုးကို မလိုချင်ပါ” ဟု အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 ထို့ပြင် တပ်နှစ်ဖက်ကြားပစ်ခက်မှုစတင်ပြီး ပိုဆိုးမသွားရန် နှစ်ဖက်ခေါင်းဆောင်များမှ ပစ်ခက်မှုရပ်တန့်ရန် စာပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်အဖြေရှာရမည်ဖြစ်သော်လည်း စစ်ကောက်စီဖက်မှ တွေ့ဆုံညှိနှိုင်းရန် ဆန္ဒလုံးဝမရှိသည့်အတွက် ပစ်ခတ်မှု အရှိန်မြင့်လာခြင်းဖြစ်သည်ဟု ဆိုသည်။

 စစ်ကောင်စီက ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံထားရသည့် နိုင်ငံခေါင်းဆောင်များအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူငယ်ကျောင်းသား/ကျောင်းသူများနှင့် ရဟန်းသံဃာများကို ရက်စက်စွာ ပစ်ခတ်ခြင်းသည် NCA ပါအချက်အပြင် စာချုပ်တစ်ခုလုံးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစတင်၍ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး ကျေးရွာများ၊ ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ အထက်တန်းကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 ထို့အတူ မူတြော်ခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်တိုင်းရင်းသားဒေသခံများ  ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts