Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့ အထက (၈) ကျောင်းအနီး ရဲဝင်းအနားတွင် ဗုံးတစ်လုံးတွေ့ရှိဟုဆို

မော်လမြိုင်မြို့ အထက (၈) ကျောင်းအနီး ရဲဝင်းအနားတွင် ဗုံးတစ်လုံးတွေ့ရှိဟုဆို

-

မွန်သတင်းအေဂျင်စီ (၃၁ မတ် ၂၀၂၁)

မော်လမြိုင်မြို့ ရဲဘော်ကုန်းရပ်ကွက်ရှိ အထက (၈) ကျောင်းအနီး ဟိန္ဒူဘုရားကျောင်းရှေ့တွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က ရဲလိုင်းခန်းအနား ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းဧရိယာရှိ လမ်းများတားဆီးပိတ်ဆို့လိုက်ပြီး ဗုံးကိုလည်း အသက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိသည့်နေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုလိုင်းခန်းများရှိနေသည်။

အလားတူ ဈေးကြိုရပ်ကွက်၊ ဈေးကြိုအဝိုင်းအနီးရှိ တာ်မတော်တည်းခိုးရေးတပ်အနီး မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် ပေါက်ကွဲသံကြီး ၂ ခု ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုသတင်း မကြားသိရပေ။

ယင်းဖြစ်စဉ်သည် ည ၈ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် ပေါက်ကွဲသံကြီး ၂ ကြိမ်ဖြစ်ပေါ်ခဲ့သည်ကို မော်လမြိုင်တစ်မြို့လုံးနီးပါး ကြားနေရကြောင်း သတင်းရရှိသည်။

ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးရုံးအ‌ရှေ့တွင် မတ် ၂၈ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts