spot_img
Thursday, January 16, 2025
More
    spot_img
    Homeသတင်းနိုင်ငံတဝန်းဆန္ဒပြပွဲများနှင့် ညမထွက်ရအမိန့်ကြောင့် အဝေးပြေးယာဉ်များ ပုံမှန်သွားလာမှုမရှိ

    နိုင်ငံတဝန်းဆန္ဒပြပွဲများနှင့် ညမထွက်ရအမိန့်ကြောင့် အဝေးပြေးယာဉ်များ ပုံမှန်သွားလာမှုမရှိ

    -

    ယဉ်ထောမွန် (၀၉ မတ်၂၀၂၁)

    နိုင်ငံတဝန်းဆန္ဒပြပွဲများနေ့စဉ်ဖြစ်ပေါ်နေသည့်အပြင် ညမထွက်ရအမိန့်ကြောင့် ခရီးသည်များ သွားလာမှုမရှိသလောက်ဖြစ်နေပြီး အဝေးပြေး ခရီးသည်တင်မော်တော်ယာဉ်များ ပုံမှန်သွားလာမှုမရှိတော့ကြောင်း သိရသည်။

    ကိုဗစ် ၁၉ ဒုတိယလှိုင်းစတင်သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှုရပ်နားခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် အသွားအလာကန့်သန့်ထားခြင်း မရှိတော့ပေ။  

    “ညဘက်သွားလာတဲ့အခါကျတော့ မော်လမြိုင်ကနေ ရန်ကုန်သွားမယ်ဆိုရင် အမြန်လမ်းပေါ်မှာတော့ သွားလို့ရတယ် ဒါပေမယ့် မြို့ထဲဝင်ခါနီးဆို ဆက်သွားလို့မရတော့ဘူး မြို့ပြင်မှာပဲနေရတာ ၄ နာရီမထိုးမချင်းကိုစောင့်ရတာ ခရီးသည်တွေလည်း ကားပေါ်မှာအိပ်ရတာပေါ့”ဟု မော်လမြိုင်မှ ရန်ကုန်သို့ လုံးချင်းယာဉ်မောင်းသူတစ်ဦးက ပြောသည်။

    ထို့အပြင် ခရီးသည်နည်းပါးလာသောကြောင့် ကုန်စည်တင်ပို့မှုသာ လုပ်ဆောင်နေရကြောင်း သံဖြူဇရပ်အဝေးပြေးဂိတ်ရှိ မန္တလာမင်း Express တာဝန်ရှိသူတစ်ဦးက ဆိုသည်။

     “ခရီးသည်ပို့ဆောင်တာ မသွားဖြစ်တော့ဘူး ကုန်စည်နဲ့ပဲလိုင်းတွေ ပြေးဆွဲနေတာပေါ့ ကုန်စည်စီးဆင်းမှုတွေလည်းအားနည်းတော့ မရှုံးရုံတမယ်လေးပဲ ထွက်နေရတယ် ခရီးသည်တင်တဲ့ကားတွေတော့ရှိတယ် အပြည့်တော့မတင်ကြဘူး ပုံမှန်ဖောက်သည်လောက်နဲ့  သွားကြတာတော့ရှိတယ်”ဟု ၎င်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ခရီးသွားပြည်သူများအနေဖြင့် Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာမလိုအပ်သည့်အပြင် နိုင်ငံရေးအခြေအနေကြောင့် လမ်းခရီးပိတ်ဆို့မှုများလည်းမရှိသေးကြောင်း သိရသည်။

    လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံတစ်ဝှမ်းမြို့နယ်အသီးသီးတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ည ၈ နာရီမှ နံနက် ၄ နာရီအချိန်အတွင်း အသွားအလာကန့်သန့်ထားကြောင်း၊ မြို့ပေါ်အသီသီးတွင် လူစုလူဝေးဖြင့် နေစဉ်ဆန္ဒပြမှုများဖြစ်ပေါ်လျှက်ရှိရာ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ပစ်ဖောက်၍ လူစုခွဲမှုများရှိနေကြောင်း၊ မြို့အဝင်အထွက်များတွင် ရဲနှင့်စစ်သား လုံခြုံရေးတပ်ဖွဲ့များက မော်တော်ယာဉ်များကိုရပ်တန့်စေ၍ ဖုန်းများကိုစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts