မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

ရေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အကြိမ်ကြိမ်သေနတ်ပစ်ဖောက်လူစုခွဲခံရ

မွန်သတင်းအေဂျင်စီ (၀၇ မတ် ၂၀၂၁)

ရေးမြိုပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆန္ဒပြသူများအား ရဲနှင့်စစ်သားလုံထိန်းတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းမှစ၍ အကြိမ်ကြိမ်သေနတ်ပစ်ဖောက်၍ လူစုခွဲခံရကြောင်း သတင်းရရှိသည်။ 

ရန်ကြီးအောင်ရပ်ကွက် ကမ်းနားလမ်းတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က လူအင်အားရာနှင့်ချီရှိသော ဆန္ဒပြသူများကို လူစုခွဲရန် လက်ကိုင်အသံချဲ့စက်ဖြင့် လုံထိန်းတပ်ဖွဲ့မှ သတိပေးပြောကြားခဲ့ပြီးနောက် ၁၂ ဗို့ပြောင်းချော သေနတ် ၅ ချက်နှင့် 38 MM Cs သေနတ် ၁ ချက် ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုနောက် ဆန္ဒပြသူများ ပြန်လည်စုစည်းကြရာ “စစ်အာဏာရှင် အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး- သမ္မတ ဦးဝင်းမြင့်နှင့် အမေစုတို့အား အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး၊  ပြည်သူတွေ တင်မြှောက်ထားသော အစိုးရ ဒို့အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ခေါ်ယူပေး ရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်၊ သပိတ် သပိတ် မှောက်မှောက်၊ ရုံးမတက်နဲ့ ရုန်းထွက်” စသည့် ကြွေးကြော်သံများဖြင့် ဆက်လက်ချီတက်ကြရာ သေနတ်ပစ်ဖော်၍ ထပ်မံလူစုခွဲခံရပြန်သည်။

ထို့ပြင် နံနက် ၁၁ နာရီခွဲခန့်က ရဲနှင့်စစ်သားများ ရေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဝင်ရောက်နေရာယူ တပ်စွဲချလာသဖြင့် ရာနှင့်ချီသည့်ဒေသခံပြည်သူများ သံပုံးတီးပြီးကန့်ကွက်ခဲ့ကြရာ သေနတ်ပစ်၍ မျက်ရည်ယိုဗုံးခွဲပြီး လူစုခွဲခဲ့ရသည်။ 

ထိုနောက် မွန်းလွဲပိုင်းအချိန်တွင် ဘုရင့်နောင်လမ်းရှိ ရွှေဆိုင်တန်းရှေ့အနီးတဝိုက်သို့ ဆန္ဒပြသူများပိုမိုစုရုံးရောက်ရှိလာရာ လုံထိန်းတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့သော်လည်း ယနေ့ညနေ ၆ နာရီအထိ ဆန္ဒပြသမားအချို့ ဆက်လက်ကျန်ရှိနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ညပိုင်းတွင် စစ်ကား၊ ရေကားနှင့် အချုပ်ကားများဖြင့် ရေးမြို့ပေါ်တွင် ညမထွက်ရ ပုဒ် ၁၄၄ ထုတ်ပြန်ထားသည်ကို အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာခဲ့ပြီးနောက် အဖမ်းခံလိုက်ရသည့် လူ ၈ ဦးကိုလည်း ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ၊ အများနှင့်ဆိုင်သောနေရာများတွင် လူစုလူဝေး လူ ၄ ဦးထက်ပိုမစုရ ပုဒ်မ ၁၄၄ ကာဖျူးအမိန့်  ထုတ်ပြန်ထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာ၊ ကိုဗစ်လူနာတစ်ဦးသေဆုံး

မွန်သတင်းအေဂျင်စီ (၁၁ ဇွန် ၂၀၂၁) ယခုလအတွင်း မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မော်လမြိုင်ဆေးရုံကြီးမှ …

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.