spot_img
Wednesday, May 8, 2024
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၀၈ အောက်ပြန်ဝင်တာမျိုး မဖြစ်စေချင်ဘူး-မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူးနှင့် အင်တာဗျူး

    ၂၀၀၈ အောက်ပြန်ဝင်တာမျိုး မဖြစ်စေချင်ဘူး-မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူးနှင့် အင်တာဗျူး

    -

    မွန်သတင်းအေဂျင်စီ (၅ မတ် ၂၀၂၁)

    လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာအပေါ် မွန်ပြည်သစ်ပါတီ NMSP ရပ်တည်ချက်သဘောထားနဲ့ပတ်သက်ပြီး ပါတီဗဟိုတွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှနဲ့ မွန်သတင်းအေဂျင်စီတို့ မွန်ဘာသာအင်တာဗျူးကို မြန်မာဘာသာသို့ အနီးစပ်ဆုံးဘာသာပြန်ဆိုထားပါတယ်-(အယ်ဒီတာ)  

    မေး-လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေအပေါ် မွန်ပြည်သစ်ပါတီ သဘောထားကို သိရှိပါရစေ?

    ဖြေ-ပြီးခဲ့တဲ့လဆန်းရက်(ဖေဖော်ဝါရီ-၁) မှာ တချို့ပြောတာက စစ်တပ် အာဏာသိမ်းလိုက်တယ် စစ်တပ်ဘက်ကတော့ အာဏာကိုထိန်းသိမ်းလိုက်တယ်လို့ ပြောပါတယ် ဒါပေမယ့် ဘယ်လိုပြောပြောပါ အဲဒီအခြေအနေမျိုးဖြစ်ပေါ်လာတဲ့အပေါ်မှာ ပြည်သူလူထုတော်တော်များများ တစ်နိုင်ငံလုံးအတိုင်းအတာပါပဲ အခုလိုစစ်အာဏာ ထိန်းသိမ်းလိုက်တာကို ဆန္ဒပြကြပါတယ် ဆန့်ကျင်နေပါတယ် အဲဒီအပေါ်မှာ ကျနော်တို့မြင်တာက ရွေးကောက်ပွဲမဲစာရင်းကိုအကြောင်းပြုပြီး NLD အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC တို့ကတစ်ဖက် တပ်မတော်က တစ်ဖက်၊ အဲဒီလို ပြဿနာဖြစ်လာတဲ့အပေါ်မှာ ဖြေရှင်းလို့မရ ဖြစ်ရာကနေ အာဏာထိမ်းသိမ်းမှုအထိဖြစ်လာပြီး ဆန္ဒပြပွဲတွေဆက်ဖြစ်လာရတာပါ။ ဒီအပေါ်မှာ အရင်းခံပြဿနာတွေက နိုင်ငံရေးဖြစ်တယ်လို့ပဲ ကျနော်တို့မြင်တယ် နိုင်ငံရေးဆိုတော့ နိုင်ငံရေးနည်းလမ်းအရပဲ အေးအေးဆေးဆေး ဆက်ပြီးဖြေရှင်းသွားစေချင်တယ် ဆန္ဒပြတာကလည်း လူထုတွေမှာ ဆန္ဒပြပိုင်ခွင့်ဆိုတာက ရှိနှင့်ပြီးသား အခွင့်အရေးတွေပါပဲ နည်းမှန်လမ်းမှန်နဲ့ပြသွားကြဖို့ပါ ပြီးတော့ အခုလိုဆန္ဒပြတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း နည်းလမ်းမှန်ကန်စွာ ဖြစ်စေချင်ပါတယ် ကျနော်တို့ပါတီ (NMSP) အဓိကရှုမြင်တာက ဆွေးနွေးဖြေရှင်းသွားတဲ့နည်းလမ်းကိုပဲ ဖြစ်စေချင်တယ် ကျနော်တို့နိုင်ငံရဲ့ ပြဿနာကတော့ ဆွေးနွေးဖြေရှင်းခြင်းဖြင့်သာ ပြေလည်မှုရရှိနိုင်မယ်လို့ ဒီကနေ့အနေအထားကို သုံးသပ်ရပါတယ်။

    မေး-ဆန္ဒပြပွဲတွေက ဘာကိုဦးတည်ပြီးတောင်းဆိုနေကြပါသလဲ?

    ဖြေ-အခုဆန္ဒပြပွဲတွေကိုကြည့်လိုက်မယ်ဆိုရင် ပုံစံအနေအထားတစ်မျိုးထဲ သွားနေကြတာတော့ မဟုတ်ပါဘူး၊ အာဏာသိမ်းခံလိုက်ရတဲ့ NLD ပါတီအနေနဲ့ ဒီကနေ့ဆန္ဒပြပွဲတွေကို ဦးဆောင်နေတာလားဆိုတာ ရှင်းရှင်းလင်းလင်း မတွေ့မိပါဘူး၊ နောက်တစ်ခု ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ Gen Z မျိုးဆက်တွေက စစ်အစိုးရ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို ဦးတည်ထားပါတယ် ဒီနေရာမှာ စစ်အာဏာရှင်ကျဆုံး ချုပ်ငြိမ်းပြီးတော့ ဘယ်လိုနိုင်ငံရေးစံနစ်မျိုး ထူထောင်သွားမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ခင်းကျင်းချပြထားတာမျိုး မရှိပါဘူး အဲဒါကတစ်ချက် နောက်ပြီးတော့ NLD ဘယ်လိုဆက်သွားမှာလည်း ရှင်းရှင်းလင်းလင်းမရှိဘူး ရှင်းလင်းတဲ့အချက်တစ်ခုကတော့ သူတို့ပြောထားသလို ရည်ရွယ်ချက် ၃ ချက်ပေါ့ “စု-ရွေး-လွှတ်” အပေါ်မှာပဲ ရပ်တည်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းမြင့်တို့လို ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုပေးဖို့ လွှတ်တော်ပြန်ခေါ်ပြီး အစိုးရဖွဲ့စည်းသွားဖို့ အဲဒီလိုသွားနေကြတာပေါ့ အဲဒီလောက် ရည်ရွယ်ချက်နဲ့ပဲ ဆိုရင်တော့ တိုင်းရင်းသားတွေ လူထုအားလုံး အပြည့်အဝပါဝင်လာဖို့ဆိုတာ ခက်ခဲနေဦးမှာပါ ဘာကြောင့်လဲဆိုရင် ဒီအချက်တွေဟာ ၂၀၀၈ အောက်ကိုဦးတည်လို့ ပြန်ပြီးလျှိုဝင်သားတာပါပဲ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်သူမှမကြိုက်ပါဘူး လက်မခံပါဘူး ဖြစ်နိုင်ရင် အားလုံးကို အသစ်ပြန်ရေးဖို့ပဲ ရှင်းရှင်းလင်းလင်းမြင်နေရတာကတော့ ၂၀၀၈ အောက်ကို ပြန်ပြီးလျှိုဝင်သွားတာပါပဲ ဒါကတစ်ကဏ္ဍရှိတာပေါ့။

    မေး-လက်ရှိပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်ပါသလဲ?

    ဖြေ- ဒါကြောင့်ပဲ ကျနော်တို့ပြောပြောနေရတာက လက်ရှိဖြစ်ပေါ်နေတဲ့ နှစ်ဖက်ပြဿနာတွေကို NLD နဲ့ တပ်မတော်တို့ နှစ်ဖက်တို့ကပဲ ဖြေရှင်းသွားကြရမှာဖြစ်တယ်၊ ဆိုပါစို့ အကယ်၍ အဲဒီအဆင့်ထက် ကျော်လွန်ပြီးတော့  အာဏာရှင်စနစ်တိုက်ဖျက်သွားကြမယ် စနစ်သစ်တစ်ခုကိုဖန်တီးကြမယ်ဆိုရင် ဘယ်လိုစနစ်ဖြစ်ဖြစ်ပေါ့ အဲဒါမျိုးဆိုမှ တိုင်းရင်းသား လူထုအင်အားစုတွေ အားလုံးပါဝင်လာဖို့ရှိလာနိုင်မယ်  ဒါပေမယ့် ဒီကနေ့အထိ ဆန္ဒပြတဲ့သူတို့ဆီမှာ ဒီလိုမျိုးမရှိသေးပါဘူး ကျနော်တို့နိုင်ငံမှာ အင်အားအကြီးဆုံး ပါတီဆိုရင် NLD ပဲရှိပါတယ် ဒီအပေါ်မှာ ကျနော်တို့ ပြည်သူတွေအားလုံးလိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီတို့ ဖက်ဒရယ်စနစ်တို့နဲ့သွားမယ်ဆိုတဲ့နေရာမှာ သူတို့ (NLD) ဆီမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမရှိပါဘူး ဘယ်လိုသွားမလဲဆိုတာမရှိပါဘူး တိုင်းရင်းသားတွေမှာရှိနေတယ် တိုင်းရင်းသားတိုင်းမှာ ရေးဆွဲထားတာရှိပါတယ် သူတို့ပြည်နယ်အသီးသီးတွေမှာ ဘယ်လိုသွားကြမလဲ ဖက်ဒရယ်ပြည်တောင်စုနဲ့ပတ်သက်ပြီး ဘယ်လိုသွားမလဲ ရေးဆွဲထားတာရှိပါတယ် ရှိခဲ့တာအတော်ကြာခဲ့ပါပြီ တောထဲမှာ လက်နက်ကိုင်ပြီး နေကြတယ်ဆိုပေမယ့် မိမိတို့တိုင်းရင်းသားတွေ ဘယ်လိုမျိုးသွားချင်သလဲဆိုတာကို ပုံစံချထားပြီးသားပါ သူတို့(NLD) မှာက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး အဲဒါကြောင့် သူတို့ဘယ်လိုမျိုးသွားနေတာကို တိုင်းရင်းသားတွေက ရှင်းရှင်းလင်းလင်းနားမလည်ထားဘူး ရှင်းရှင်းလင်းလင်းသိမထားဘူးဆိုရင် တိုင်းရင်းသားအင်အားစုတွေကို အပြည့်အဝရနိုင်ဖို့က ခက်ခဲပါလိမ့်မယ်။  

    မေး- မျိုးဆက်သစ် Gen Z တွေအပေါ် ဘယ်လိုမြင်သလဲ?

    ဖြေ-လက်ရှိ Gen Z သွားနေတာက အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးသက်သက်ပါပဲ  အဲဒီနောက်မှာ ဘာတွေကို ဆက်ပြီးတည်ဆောက်သွားမလဲဆိုတာ မရှိဘူး ပန်းတိုင်မတွေ့မိဘူး တကယ်လို အာရပ်နွေဦးတော်လှန်ရေးနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် သူတို့မှာလည်း အပြီးတိုင်အောင်မြင်ခဲ့တာမဟုတ်ပါဘူး ဆန္ဒပြပွဲတွေက ပြီးသွားတယ် အာဏာရှင်ကျဆုံးသွားတယ်ဆိုပေမယ့် အဲဒီရှေ့တွေမှာ ဘာတွေဆက်လုပ်သွားမလဲ ခင်းကျင်းချပြထားတာမျိုး မရှိဘူး ဘယ်စနစ်မျိုးနဲ့ဆက်သွားမယ့်အခင်းအကျင်းမျိုး မရှိတဲ့အတွက် အာဏာရှင်အသစ်တွေ အာဏာရသွားတာမျိုး အီဂျစ်မှာလို ထပ်မံပြီးစစ်အာဏာသိမ်းခံလိုက်ရတာမျိုး ဖြစ်ပေါ်လာတာရှိခဲ့ပါတယ်။

    မေး-NLD ကို ဘယ်လိုမြင်သလဲ?

    ဖြေ- ဆိုလိုတာက လက်ရှိမြင်တွေ့နေရတဲ့အခြေအနေအပေါ်မှာ ဘယ်လိုဦးတည်ချက်မျိုးနဲ့ သွားနေကြတာလဲဆိုတာကို ဒီဆန္ဒပြနေတဲ့လူတွေမှာလည်း ကျနော်တို့ ရှင်းလင်းလင်းလင်းမမြင်မိသေးဘူး နောက်ပြီး NLD မှာလည်း မမြင်မိဘူး ဒါပေမယ့် ၂၀၀၈ အောက်ကို NLD ပြန်ဝင်ဖို့တစ်ခုကိုပဲ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဒီကနေ့ ပြဿနာဖြစ်နေကြတဲ့ တပ်မတော်နဲ့ NLD တို့ကပဲ အဓိကအရင်းခံကိစ္စကို ဖြေရှင်းသွားကြပါ သူတို့မှာလည်း မကြာခဏပြောဆိုနေကြတဲ့ အမျိုးသားရင်ကြားစေ့ရေးကို သွားကြပါ ဆန္ဒဖော်ထုတ်ပွဲတွေကိုဖြေရှင်းတဲ့နေရာမှာလည်း အေးချမ်းတဲ့နည်းလမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းရှိစေချင်ပါတယ် အကြမ်းဖက်တာမျိုး မဖြစ်သင့်ဘူးပေါ့၊ ဖြစ်နိုင်မယ်ဆိုရင် ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ပြောလိုတာက NLD အာဏာရရှိရေးအတွက်သက်သက် ရည်ရွယ်ပြီး NLD အာဏာပြန်ရပြီး ၂၀၀၈ အောက်ပြန်ဝင်တာမျိုး မဖြစ်စေချင်ဘူး  ဖြစ်စေချင်တာက တိုင်းရင်းသား ပြည်သူလူထုတွေ လိုလားနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်လာဖို့ အလုံးစုံသော အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းစေဖို့ အဲလိုမျိုးဦတည်ချက်တွေနဲ့ ဖြစ်စေချင်တာပေါ့လေ။ တကယ်လို့သာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးသွားလို့ ဒီမိုကရေစီအာဏာရှင်ပေါ်ပေါက်လာမယ်ဆိုရင်လည်း နိုင်ငံအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် ထူးခြားလာမှာမဟုတ်ပါဘူး ဘာဖြစ်လို့ ဒီလိုမျိုးပြောနေရသလဲဆိုရင် ကျနော်တို့နိုင်ငံရဲ့အတွေ့အကြုံက ရှိခဲ့ပါတယ် ပြည်တွင်းစစ်စတင်ဖြစ်ပွားလာခဲ့ရတာက စစ်အာဏာရှင်လက်အောက်မှာ မဟုတ်ပါဘူး ဒီမိုကရေစီအစိုးရလက်အောက်မှာ ဖြစ်ပွားခဲ့တာပါ ဦးနုလက်ထက်ကပါ။ လွတ်လပ်ရေးရပြီးတာနဲ့ လွတ်လပ်ရေးအသီးအပွင့်တွေ လွတ်လပ်ရေးအနှစ်သာရတွေကို ဗမာလူမျိုးကြီးတစ်မျိုးကပဲ စံစားခံစားခဲ့ကြတာပါ။ တိုင်းရင်းသားတွေ မခံစားခဲ့ရပါဘူး ဒီလိုမျိုးမခံစားခဲ့ရတာကို ဥပဒေဘောင်အတွင်းကနေ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းမရလို့လည်း လက်နက်ကိုင်ကြရတာပါ။ ပြည်တွင်းစစ်စတင်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကို ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်းစစ်ဖြစ်ပေါ်လာရတာဟာ စစ်အာဏာရှင်အစိုးရကြောင့်မဟုတ်ပါဘူး ဒီမိုကရေစီအစိုးရလက်ထက်မှာစတင် ဖြစ်ပွားခဲ့တာပါ။ ဒီမိုကရေစီအရ အနိုင်ကျင့်တာမျိုး ဒီမိုကရေစီအာဏာရှင်စနစ်မျိုး ပြန်ပြီးပေါ်ပေါက်လာမယ်ဆိုရင်လည်း နိုင်ငံရဲ့ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်ပါဘူး အဲဒါကြောင့် ကျနော်တို့တိုက်တွန်းလိုတာ ဖြစ်ချင်တာက လက်ရှိဆန္ဒပြပွဲတွေဟာ NLD အာဏာပြန်ရဖို့သက်သက်နဲ့ ၂၀၀၈ အောက်ပြန်ဝင်မယ့်အနေအထားကို မဖြစ်စေချင်ပါဘူး။   မေး-ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts