Homeငြိမ်းချမ်းရေးကွဲပြားနေသည့် ကရင်လက်နက်ကိုင်များ ပေါင်းစည်းနိုင်ဖို့ KNLA မျှော်လင့်

ကွဲပြားနေသည့် ကရင်လက်နက်ကိုင်များ ပေါင်းစည်းနိုင်ဖို့ KNLA မျှော်လင့်

-

မင်းအစိုင်း (၁၃ ဇန်နဝါရီ ၂၀၂၁)

ကရင်အမျိုးသား နှစ်သစ်မှသည် ကွဲပြားနေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပေါင်းစည်းနိုင်ရန် မျှော်လင့်ထားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ဆိုသည်။

“ကရင်လွတ်မြောက်ရေးတပ်မတော်အနေနဲ့ ဒီကွဲပြားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပေါင်းစည်းနိုင်ဖို့ တစ်စုတစ်စည်းနဲ့ ရောက်နိုင်ဖို့က ကျွန်တော်တို့ ပထမမျှော်မှန်းချက်ဖြစ်တယ်၊ ဒုတိယမျှော်မှန်းချက်ကတော့ အထူးသဖြင့် အဖိနိုပ်ခံ ကရင်အမျိုးသားများသာမက ကျွန်တော်တို့ ဘဝတူ တိုင်းရင်းသား တွေနဲ့လည်း ပူးပေါင်းပြီးတော့မှ လက်တွဲညီညီ တိုက်ပွဲဝင်သွားကြဖို့အတွက် မျှော်လင့်တိုက်တွန်းချင်ပါတယ်” ဟု ပဒိုမန်းမန်းက ဆိုသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်  ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ (KNLA) နှင့်( KNDO)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) စသည့် လက်နက်ကိုင် တပ်ဖွဲ့များ ကွဲပြားလျှက်ရှိသည်။

၂၇၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်တွင် ကွဲပြားနေသော ကရင်လက်နက်တပ်ဖွဲ့များကို ကရင်လွတ်မြောက်ရေးတပ်မတော်အနေဖြင့် ပေါင်းစည်းနိုင်ရန် မျှော်လင့်နေသည်။

ထို့အတူ ကရင်အမျိုးသားနှစ်သစ်ကူးမှသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အနေဖြင့် အားသစ်လောင်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို အစွမ်းကုန် ရွပ်ရွပ်ချွံချွံထမ်းဆောင်သွားဖို့ သန္ဓိဌာန်ချထားကြောင်း ကရင်မိဘပြည်သူများနှင့် လူငယ်မောင်မယ်များအား KNLA က အသိပေးတိုက်တွန်းထားသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တိုင်းတွင် ကရင့်အာဇာနည်စောဘဦးကြီးရဲ့ မူကို စွဲကိုင်ထားကြသော်လည်း အဖွဲ့တိုင်းလိုလိုမှာ နာမည်ကွဲမှုများ၊ ခေါင်းဆောင်ကွဲမှုများ ဖြစ်နေသည့်အတွက် ပေါင်းစည်းရန် ခက်ခဲသည်ဟု ကရင်လူငယ်တစ်ဦးကဆိုသည်။

သို့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ မျှော်မှန်းချက်သည် မိမိတို့ ကရင်လူငယ်များ၏ မျှော်မှန်းချက်နှင့် ထပ်တူကြသည်ဟု ဆိုသည်။

ကရင်လူမျိုးများအနေဖြင့် ၂၇၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးကို  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အထိမ်းအမှတ်ပွဲတော်များ ကျင်းပကြသည်ဟု သိရသည်။

ကရင်အမျိုးသားခေါင်းဆောင်ကြီးမှ ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ တစ်နေ့တည်းဖြစ်ရေးကို အသိအမှတ်ပြုပြီး တစ်စုတစ်စည်းတည်းကျင်းပနိုင်ရန် ၁၉၃၇ခုနှစ်၌ ပါလီမန်တွင် တင်ပြတောင်းဆိုခဲ့ရာ အသိအမှတ်ပြုခံခဲ့ရသည်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသားများပျံ့နှံ့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် နှစ်စဉ်ကျင်းပကြပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကျင်းပလာခဲ့ခြင်းကြောင့် နိုင်ငံတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts