HomeCovid 19မွန်ပြည်နယ် ကိုဗစ်လူနာများအနက် ရောဂါသက်သာလာသူ ၁၅၀ ဦးဆေးရုံဆင်းခွင့်ရ

မွန်ပြည်နယ် ကိုဗစ်လူနာများအနက် ရောဂါသက်သာလာသူ ၁၅၀ ဦးဆေးရုံဆင်းခွင့်ရ

-

စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၂)

မော်လမြိုင်မြို့အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာများအနက် ဝေဒနာသက်သာလာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူ ၁၅၀ ဦးကျော်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ ၂၉၀ ဦးရှိခဲ့ပြီး မော်လမြိုင်အထွေထွေရောဂါ ကုဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေသူ ၁၄၀ ဦးအနက် ၄ ဦးကိုအထူးစောင့်ကြည့်ကုသနေရကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး(စီမံ) ဒေါက်တာဝတ်မှုံ ထံမှသိရသည်။

ဒေါက်တာဝတ်မှုံက “မွန်ပြည်နယ်ကတော့ မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့နယ်ကလူနာတွေအများဆုံးဆင်းတယ် သူတို့မြိုနယ်တွေက အများဆုံးလူနာတွေ့ရှိတယ်ဆိုတော့။ ကျန်တဲ့လူနာတွေထဲက ၄ ဦးလောက်ကိုနည်းနည်းလေး စောင့်ကြည့်နေရတယ်” ဟု ပြောသည်။

ကိုဗစ် ၁၉ ရောဂါပိုးတွေရှိသူများကို ယခုအခါတွင် ဆေးရုံတွင် ၁၄ ရက်ခန့်စောင့်ကြည့်ဆေးကုသပေးသွား မည်ဖြစ်ပြီး ရောဂါလက္ခဏာမပြပါက ဆေးရုံမှ ဆင်းခွင့်ပြုသွားမည်ဖြစ်သည်။

“ပိုးတွေလူနာတွေတော်တော်များများတွေ့ရသလို ကျန်မာရေးကောင်းမွန်ပြီးတော့ ဆင်းတဲ့သူတွေလည်း တွေ့ရတယ် ဒီနေ့တစ်နေ့ထဲကို ဆေးရုံကနေပြီးတော့ ၄၀ ဦးလောက်ဆင်းခွင့်ရတယ်” ဟု မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးမှဆိုသည်။

မွန်ပြည်နယ်မှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူများထဲမှ သေဆုံးသူ ၄ ဦးထဲတွင် ထိုအခြားရောဂါအခံရှိနေပြီး အသက် ၆၀ ကျော် (၃) ဦး၊ အသက် ၁၅ နှစ် (၁) ဦးပါဝင်ကြောင်းသိရသည်။

မော်လမြိုင်မြို့တွင်းပိုးတွေ့လူနာ ၁၃၅ ဦး၊ဘီးလင်းမြို့တွင် ၇၂ ဦး၊ မုဒုံမြို့တွင် ၁၉ ဦး၊ ကျိုက်ထိုမြို့တွင် ၁၈ ဦး၊ ပေါင်မြို့တွင် ၉ ဦး၊ သထုံမြို့တွင် ၁၀ ဦး၊ သံဖြူဇရပ်မြို့တွင် ၉ ဦး၊ ကျိုက်မရောမြို့တွင် ၄ ဦး၊ ချောင်းဆုံမြို့တွင် ၅ ဦး၊ ရေးမြို့တွင် ၂ ဦး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံတဝန်းတွင် Covid 19 ယနေ့ ပိုးတွေ့လူနာသစ် ၁၁၄၂ ဦး၊ သေဆုံးလူနာသစ် ၃၂ ဦး၊ စုစုပေါင်းပိုးတွေ့လူနာ ၁၅,၅၂၅ ဦး သေဆုံးသူ ၃၅၃ ဦးရှိပြီး ယနေ့ဆေးရုံမှဆင်းသူ ၂၂၂ ဦး စုစုပေါင်းဆေးရုံမှ ဆင်းသူ ၄၃၇၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ သိရသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts