spot_img
Sunday, May 19, 2024
More
    spot_img
    HomeCovid 19ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော်ကလေးငယ်များကို Quarantine ထားရှိ

    ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော်ကလေးငယ်များကို Quarantine ထားရှိ

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၂ )

    မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူများတွင် ကျိုက္ခမီမြို့မှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော် ကလေးငယ် ၁၁ ဦးကိုလည်း အောက်တိုဘာလ ၁ ရက်နေ့က Quarantine စင်တာတွင် အသွားလာကန့်သတ်ထားကြောင်း သိရသည်။

    လက်ရှိတွင် မော်လမြိုင်မြို့တွင်နေထိုင်သည့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေး ငယ်တစ်ဦး တို့အား ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    “ကျိုက္ခမီ ၁၀ နှစ်အရွယ်ကလေးက သူကရောဂါပိုးမတွေ့ခင် လိုက်ကစားထားတယ်ပေါ့နော် သူရဲကစားဖော် တွေအကုန်လုံးက ထိတွေ့မိထားတော့ စုပြီးတော့ Quarantine ဝင်ရတယ်ပေါ့ လာပို့သွားတယ်အုပ်ထိန်းသူမပါ လာတဲ့အခါကျတော့ အခန်းထဲမှာပဲနေဖို့သူတို့ကိုအခန်းကပ်ရပ်ထားပေးထားတယ်” ဟု မော်လမြိုင်လူမှုကယ် ဆယ်ရေးအဖွဲ့ ကိုဇင်မိုး မှပြောသည်။

    ထို Quarantine ဝင်ရမည့်ကလေးငယ်များကို အောက်တိုဘာလ ၁ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ် Quarantine စင်တာကို သံဖြူဇရပ်မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

    အဆိုပါ ကျိုက္ခမီမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့သော အောင်သုခရပ်ကွက်၊ သီရီမြိုင်မြောက် ၄ လမ်း၊ ၅ လမ်းတို့ကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှအသွားအလာကန့်သတ် နေရာအဖြစ် အမိန့်အမှတ် ၁၆/၂၀၂၀ ဖြင့်ထုတ်ပြန်လိုက်သည်။

    အဆိုပါ ကျိုက္ခမီမြို့မှာ သွားလာကန့်သတ်ထားသည့် အောင်သုခရပ်ကွက်တွင် အိမ်ခြေ ၁၁၅ လုံးရှိပြီး လူဦးရေ ၅၀၀ ဦးခန့်ရှိကြောင်း သိရသည်။

    လက်ရှိတွင် မော်လမြိုင်မြို့နှင့်ဘီးလင်းမြို့နယ်တို့၌ ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ အများဆုံး တွေ့ရှိရပြီး သံဖြူဇရပ်မြို့နယ်တွင် ၉ ဦး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

    •       

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts