spot_img
Thursday, February 12, 2026
More
    spot_img
    HomeCovid 19ရန်ကုန် Stay at home သတ်မှတ်နေရာများမှ မော်လမြိုင်နှင့် မုဒုံမြို့နယ်သို့လာပါက Quarantine ဝင်ရမည်

    ရန်ကုန် Stay at home သတ်မှတ်နေရာများမှ မော်လမြိုင်နှင့် မုဒုံမြို့နယ်သို့လာပါက Quarantine ဝင်ရမည်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၃)

    လတ်တလော Stay at home သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီး (၇) မြို့နယ်မှ မွန်ပြည်နယ် မော်လမြိုင်နှင့် မုဒုံမြို့နယ်သို့လာရောက်ပါက CBFQ (Quarantine) ဝင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    လတ်တလော မွန်ပြည်နယ်တွင် Covid 19 ပိုးတွေ့ရှိထားသူ ၁၀ ဦးရှိသည့်အနက် ၄ ဦးမှာ လူမှုကူညီရေးစေတနာ့ဝန်ထမ်းများနှင့် ၁ ဦးမှာ ပြည်ပမှပြန်လာပြီး မော်လမြိုင်မြို့နယ်တွင်  အသွားအလာကန့်သတ်ခံထားသူ ဖြစ်သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက “ရန်ကုန် Stay at home လုပ်ထားတဲ့ ၇ မြို့နယ်က လာရင်တော့ Quarantine ဝင်ရမယ်”ဟု ဆိုသည်။ 

    ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ် တို Stay at home အဖြစ် ကန့်သတ်နေထိုင်သွားရန် စက်တင်ဘာလ ၁ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

    လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်တို့ကို Stay at home အဖြစ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့် ကြေငြာချက် ထုတ်ပြန်ထားသည်။

    အလားတူ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး Stay at home (၇) မြို့နယ်၊  နိုင်ငံခြားပြည်တော် ပြန်များ မုဒုံမြို့နယ် အတွင်းသို့  ဝင်ရောက်လာပါက Quarantine ၂၁ ရက် မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ကြောင်း မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။

    ထို့အတူ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားလမ်းသစ်/လမ်းဟောင်းတွင် ကိုဗစ်ရောဂါစစ်ဆေးရေးဂိတ် ၂ ခု ဖွင့်လှစ်ထားရှိပြီ ရခိုင်ပြည်နယ်မှ လာရောက်သူများ Quarantine ဝင်ရမည်ဟု သိမ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အသိပေးထားသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့မတိုင်မီက Covid 19 ပိုးတွေ့လူနာ ၃၇၄ ဦးသာရှိခဲ့ရာမှ ယနေ့ စက်တင်ဘာ ၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၁၁) ဦးရှိပြီး ရန်ကုနု်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးတွေ့ရှိထားသည်။ 

    Photo- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် Covid 19 ပိုးတွေ့လူနာစာရင် (MoHS)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks