Homeသတင်းမော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သောင်းနီးပါး ဖမ်းဆီးရမိသော်လည်း တရားခံနှစ်ဦးစလုံးလွတ်မြောက်နေ

မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သောင်းနီးပါး ဖမ်းဆီးရမိသော်လည်း တရားခံနှစ်ဦးစလုံးလွတ်မြောက်နေ

-

ချမ်းမွန် (မော်လမြိုင်၊ ဩဂုတ် ၂၅)

မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆ သောင်းနီးပါး (၅၈၀၀၀) ပြားကို အာဏာပိုင်များ ဖမ်းဆီးရမိခဲ့သော်လည်း တရားခံနှစ်ဦးစလုံး လွတ်မြောက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြိုင်သာယာရပ်ကွက်၊ ဆီဆုံလမ်း၌ ငှားရမ်းနေထိုင်သည့် ညီညီနှင့် အောင်ကျော်လတ်တို့ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မော်လမြိုင် မူးယစ် တပ်ဖွဲ့စု (၃၈)မှ ရဲတပ်ဖွဲ့ဝင်များနှင့် မြိုင်သာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များတို့ ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှစ်ဦးအားမတွေ့ရှိရပဲ မူးယစ်ဆေးပြားများကိုသာ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ 

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ ညီညီနှင့် အောင်ကျော်လတ်တို့ နှစ်ဦးအား (ပ) ၁၁/၂၀၂၀၊ မူး/စိတ် ပုဒ်မ (၁၉)/၂၁ ဖြင့် မြိုင်သာယာနယ်မြေ ရဲစခန်းတွင်  အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်တွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မင်းမင်းအောင် (၃၂ နှစ်) ဈေးဆိုင်ခန်းအား ဝင်ရောက်ရှာဖွေရာ သစ်သားတန်း၌ ချိတ်ဆွဲထားသည့် Birdy/ Aji No-moto စာတန်းပါ ပလပ်စတစ် အဖြူရောင်အိတ်အတွင်းရှိ ပန်းရောင် WY-စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၈၄) ပြားကို မော်လမြိုင် မူးယစ် တပ်ဖွဲ့စု (၃၈)မှ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ မင်းမင်းအောင် (ဘ-ဦးလှငွေ) အား ကျိုက်မရောမြို့မ ရဲစခန်းက မယ(ပ)၂၇/၂၀၂၀ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Photo- ကျိုက်မရောမြို့ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး (TCP News)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts