Thursday, March 19, 2026
More
    spot_img

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၂၁)

    မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများအနေဖြင့် ကွင်းဆင်း စစ်ဆေးပြီးမှ  သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားပေးစေလိုကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

    ဒေါ်တင်အိက “လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော အစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးလည်းဖြစ်သော သူများက ကျွန်မတို့လိုပဲ ပြည်သူတွေကို အဓိကထားပြီး ပြည်သူတွေရဲ့ လိုအပ်ချက် ဒေသဖွံ့ဖြိုး တိုးတက်ဖို့ အတွက် သူတို့ အနေနဲ့က မြေပြင်အထိ ဆင်းပြီးတော့ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်မေးတဲ့ မေးခွန်းတွေကို ဟုတ်၊ မဟုတ် ကြည့်ပါ။ သူတို့ သက်ဆိုင်တဲ့ ဌာနကလာတဲ့ အဖြေတွေနဲ့ ပေါင်းစပ်ပြီး ဖြေပေးမယ်ဆိုရင် ပြည်သူတွေကို အဓိက ထားရာရောက်မှာပါ” ဟု ဆိုသည်။

    လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများက အစိုးရကို အကျပ်အတည်း ဖြစ်စေရန်လုပ်ဆောင်ခြင်း မဟုတ်သောကြောင့် ကိုယ်စားလှယ်များ၏ မေးခွန်းကို ဖြေကြားခြင်းက အစိုးရပုံရိပ်ကို တက်စေသည်ဟု ဒေါ်တင်အိက ဆက်ပြောသည်။

    သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မူရင်းမေးခွန်းက ဦးတည်ချက် ပြတ်သားဖို့နှင့် ဆက်စပ်မေးခွန်းများကလည်း မူးရင်းမေးခွန်းနှင့် ဆက်စပ်ဖို့ လိုအပ်သည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဦးထွန်းဌေးက ပြောသည်။

    “မြေယာ ကိစ္စတွေ  လွှတ်တော်မှာ မေးတဲ့ ဆက်စပ်မေးခွန်းကလည်း  မူရင်းမေးခွန်းတွေနဲ့ ဆက်စပ်ဖို့ လိုပါတယ် တစ်ခါတစ်လေ ဆက်စပ်မေးခွန်းတွေက အင်မတန် အလှမ်းဝေးတဲ့ ပုံစံတွေကျ ဖြေဖို့ ခက်ပါတယ် အချက်အလက်နဲ့ ပတ်သက်တဲ့ ဆက်စပ်တွေကျ လွှတ်တော်မှာ တစ်ထိုင်တည်း ဖြေဖို့ မလွယ်ပါဘူး မူရင်းမေးခွန်းရဲ့ အချက်အလက်ကိုတောင် ရှာရတာ အင်မတန် ခက်ပါတယ် မြေယာက  ” ဟု ၎င်းကဆိုသည်။

    လာမည့် လွှတ်တော်ပုံမှန် အစည်းအဝေး၌ ၎င်းဖြေဆိုရမည့် မေးခွန်း ၁၀ ခုတွင် မြေယာမေးခွန်း ၈ ခုပါဝင်နေသည်ဟု ဦးထွန်းဌေးက ပြောသည်။

    ၁၇ ကြိမ်မြောက် လွှတ်တော် ပုံမှန် အစည်းအဝေး ခေါ်ယူရတာက အစည်းအဝေးသည် မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း အတည်ပြုဖို့ လွှတ်တော်ခေါ်ရခြင်း ဖြစ်သည်။

    ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၅ ရက်ကြာကျင်းပသည့်အခါ ပြည်နယ်အစိုးရအဖွဲ့နှင့်  ပြည်နယ် စာရင်းစစ်ချုပ် အစီရင်ခံစာ၊ မွန်ပြည်နယ် လွှတ်တော် ရေးရာကော်မတီများ၏ အစီရင်ခံစာများတင်သွင်းခြင်း၊ မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း အတည်ပြုမည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်း ၃၀  ခန့် တင်သွင်းမေးမြန်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်မှ သိရသည်။

    Photo-မွန်ပြည်နယ်လွှတ်တော်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks