spot_img
Wednesday, February 25, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး မွန်ပြည်နယ်တွင် လျှောက်ထားမှုမရှိသေး

    ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး မွန်ပြည်နယ်တွင် လျှောက်ထားမှုမရှိသေး

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၁၉)

    လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လာရောက်လျှောက်ထားမှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

    ဦးဟိဏ်းလင်းထက်က “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ဇူလိုင် ၁ ရက်နေ့ကစပြီးတော့ လာရောက်လျှောက်ထားရင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ အသင့်လုပ်ထားပြီး ဖြစ်ပါတယ် လောလောဆယ်မှာတော့ လာရောက်လျှောက်ထားတာ မရှိသေးပါဘူး စောနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ သူတို့ အဖွဲ့ဖွဲ့စည်းနေတာလည်း ဖြစ်မှာပေါ့ လက်ရှိအထိတော့ လာရောက်လျှောက်ထားခြင်း မရှိသေးပါဘူး” ဟု ဆိုသည်။

    ယင်းသို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ နည်းပါးသွားရခြင်းမှာ ရွေးကော်ပွဲကော်မရှင်၏ Code of Conduct (ကျင့်ဝတ်စည်းမျဉ်း)  တင်းကြပ်မှုကြောင့်ဖြစ်ကြောင်း ယခင် ၂၀၁၅ ရွေးကောက်ပွဲမှာလေ့လာစောင့်ကြည့်ခဲ့သည့် မွန်ပြည်နယ် လူငယ်ကွန်ရက် ဥက္ကဋ္ဌ မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

    “လေ့လာစောင့်ကြည့်ရေးကိုမှ စောင့်ကြည့်ရေးကို ဖြုတ်ပြီး သူတို့က လေ့လာရေးဆိုပြီး လုပ်ချင်တယ် သူတို့စိတ်ထင်တာက ရွေးကောက်ပွဲ သမာသမတ်ကျဖို့က အဓိကလို့ သူတို့ပြောချင်တာကို UEC က အဓိက သူတို့က လုပ်နိုင်မယ်လို့ ထင်နေတာကို အများကြီး လျော့ချထားတယ်” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် COVID 19 ကြောင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအတွက် ပြင်ဆင်ရန် အချိန် မလုံလောက်မှုနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အတွက် Donor (အလှူရှင်) ထောက်ပံ့မှုအားနည်းခြင်းကြောင့်လည်းရှိသည်ဟု မခိုင်ခိုင်လဲ့မြင့်က ဆိုသည်။

    ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) အဖွဲ့ကို ခွင့်ပြုချက်မပေးခဲ့သော်လည်း ဝေဖန်မှုများမြင့်တက်လာသဖြင့် ဩဂုတ်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ခွင့်ပြုခဲ့သည်။

    မွန်ပြည်နယ်တွင်တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၉၀၀ ကျော် ဖွင့်လှစ်သွားရန် ရွေးကောက်ပွဲ ကော်မရှင်က လျာထားသည်။

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ၁၇ ဖွဲ့ ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ထံမှ သိရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks