HomeCovid 19Covid 19 ကာလအတွင်း ငါးများ ပြည်ပသို့တင်ပို့ခွင့်မရှိဘဲ ဈေးနှုန်းများကျဆင်းနေ

Covid 19 ကာလအတွင်း ငါးများ ပြည်ပသို့တင်ပို့ခွင့်မရှိဘဲ ဈေးနှုန်းများကျဆင်းနေ

-

ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၃၀)

မြန်မာပြည်မှအဓိက တင်ပို့နေရသည့် တရုတ်နိုင်ငံက လက်ရှိ Covid 19 ကာလအတွင်း ငါးဝယ်လိုမှု မရှိသောကြောင့် ပြည်ပသို့ ငါးများတင်ပို့၍ မရတော့ဘဲ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပြည်တွင်းမှာ ဈေးနှုန်းသင့်သလို ရောင်းချပေးနေရသည်ဟု မော်လမြိုင်ဟိုလ်းဒင်း ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်သက်ဌေးက ဆိုသည်။

“အခုဇွန်လ ဇူလိုင်လက ဘယ်လိုမှ ပို့လို့ မရတော့တဲ့ အနေအထားဖြစ်လာတယ် ကျွန်တော်တို့က ငါးကို ဝယ်တာတော့ ဝယ်နေကြရတာပဲ ပို့လို့ရမယ့် ပစ္စည်းတွေကျတော့ ချန်ထားပေါ့ ပြည်တွင်းမှာ စားလို့ရမယ့် ဈေးသင့်တဲ့ ငါးတွေကိုတော့ ကျွန်တော်တို့ ပြည်တွင်းမှာလည်း ရောင်းချပေါ့” ဟု ၎င်းကဆိုသည်။

ယခင် Covid မတိုင်ခင်ကာလများတွင် ငါးများဝယ်ယူ၍ နှစ်လခန့် သိုလှောင်ပြီး တင်ပို့ရသော်လည်း လက်ရှိမှာ ပြည်ပသို့ တင်ပို့မရတော့ဘဲ ငါးလုပ်ငန်း ၈၀ % ကျော် ရပ်ဆိုင်းသွားသည်။

လက်ရှိ ၃၀၀ ဂရမ်အထက် ငါးများ၏ဈေးနှုန်း သုံးပုံနှစ်ပုံအောက် ကျဆင်းလျက်ရှိပြီး ၃၀၀ ဂရမ်နှင့် အောက် ငါးဈေးနှုန်းထက်ဝက် ကျဆင်းနေကြသည်ဟု သံလွင်အေး ကုမ္ပဏီမှ ဦးအောင်ကျော်မိုးက ပြောသည်။

“မွန်ပြည်နယ်မှာရှိတဲ့ ငါးတွေကို ဝယ်တယ် ရန်ကုန်က မိန်းစက်ရုံကို ကျွန်တော်တို့ပို့တယ် ဆိုတော့ ၃၀၀ ဂရမ် အထက်ဆိုရင် ငါးဈေးက ၃ ပုံ ၂ ပုံ ဈေးကျသွားတယ် ၃၀၀ ဂရမ် အောက်ဆိုရင်တော့ ငါးဈေး ထက်ဝက်ကျသွားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိကာလမှာ ငါးများကို ပြည်ပသို့ တင်ပို့လို့ မရတာကြောင့် ငါးများကို ချင့်ချိန်ဝယ်ယူနေရပြီး ပြည်တွင်းဈေးကွက်ကို ဦးစားပေးရောင်းချပေးနေရသည်ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

ပြည်ပသို့ တင်ပို့သည့် ဈေးကွက် ပျောက်နေသည့် ငါးလုပ်ငန်းလောကတွင် Covid ကာလ လွန်မြောက်ပြီးဆုံးသွားလျှင်လည်း ယခင်လို ငါးဈေးကွက်မျိုး ပြန်မရနိုင်မည်မထင်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများ သုံးသပ်ကြသည်။


Photo-မောင်လမြိုင် သံလွင်ဈေးငါးဒိုင် (MRTV)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts