spot_img
Sunday, May 19, 2024
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်မပြန့် ပွားရေးအတွက် အရေးပေါ်အခြေအနေ ကြေငြာ၊ မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး အခက်အခဲတွေ့

    ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်မပြန့် ပွားရေးအတွက် အရေးပေါ်အခြေအနေ ကြေငြာ၊ မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး အခက်အခဲတွေ့

    -

    မွန်သတင်းအေဂျင်စီ (မတ်လ ၂၆)

    ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် မပြန့် ပွားရေးအတွက် ညမထွက်ရ အမိန့်၊ လူစုလူဝေးများနှင့် ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ ပြည်ပအလုပ်သမားများ မိမိအလုပ်နေရာတွင် (၁၄) ရက်ကြာ ဆက်လက်နေထိုင်ရန် အမိန့် များ အပါအဝင် အမိန့် (၁၆) ရပ်ကို မတ်လ (၂၅) ရက်နေ့ ည (၁၂) နာရီက အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာလိုက်သည်။

    ထိုင်းဝန်ကြီးချူပ် ပရယုဂျန်အိုချာ (PM Prayuth Chan Ochar) မှ "အခုချိန်ကနေ စပြီးတော့ ကျနော့် အနေနဲ့ ဒီကိုရိုနာဗိုင်းရပ်စ် မပြန့် ပွားရေးအတွက် ကာကွယ်တဲ့ လုပ်ငန်းမှာ ဦးဆောင်သွားမယ်။ နောက်ပြီး အခြေအနေတွေ ဘယ်လို တိုးတက်ပြောင်းလဲလာတာတွေကို ကျနော်ကိုယ်တိုင် ပြည်သူလူထုဆီ အစီရင်ခံ သွားမှာပါ" ဟု ယမန်နေ့  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါ အရေးပေါ်အခြေအနေ ကြေညာအမိန့်တွင် နယ်စပ်ဒေသအားလုံးကို လွန်ခဲ့သည့် မတ်လ (၂၂) ရက်နေ့ ကတည်းက ပိတ်ဆို့ ထားပြီး ဖြစ်သည့်အတွက် ဧပြီလ (၃၀) ရက်နေ့ အထိ ဆက်လက် ပိတ်ဆို့ သွားမည်ဟု ဆိုသည်။

    ထိုင်းအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝ႘စစ် ဝ႘စနုယိုထင် (Dr. Thaweesilp Wisauyothin)က “ထိုင်းနိုင်ငံအတွင်း အလုပ်သမားနှင့် ပြည်ပအလုပ်သမားတွေအနေနဲ့ မိမိစက်ရုံ အလုပ်ရုံကနေ အလုပ်ပိတ်ပြီ ဆိုတော့လဲ မိမိရဲ့ ကျန်းမာရေးအခြေအနေကို (၁၄) ရက်လောက် စောင့်ကြည့်စေချင်တယ်၊ ရပ်ရွာကို ချက်ချင်း မပြန်သင့်ပါဖူ့။ မိမိသာ ရောဂါရသွားရင် ရပ်ရွာတွေမှ ပြန်ဖြန့် တာမျိုး မဖြစ်သင့်ဖူး" ဟု သတိပေးခဲ့သည်။

    ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် အခြေစိုက်နေသည့် အလုပ်သမားအရေး ဆောင်ရွက်နေသူ နိုင်ဝိမွန်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လောလောဆယ်အလုပ်မရှိသလို သင်္ကြန်ကာလ နီးသည့်အတွက် မိမိရပ်ရွာများသို့ ပြန်လိုကြသည်ဟု ဆိုသည်။

    သို့ရာတွင် ယခု အရေးပေါ် အခြေအနေအရ ကျန်ရှိနေသည့် ထောင်ပေါင်းများစွာသော မြန်မာရွှေ့ပြောင်းလုပ်သားများ နယ်စပ်ဒေသသိ့ု ပြန်ရန် အခက်အခဲ တွေ့နိုင်ကြောင်း နိုင်ဝိမွန်မှ ပြောသည်။

    ယခု အရေးပေါ်အမိန့်ကြောင်း ထိုင်းနိုင်ငံအတွင်း ခရိုင်တစ်ခုမှ ခရိုင်တစ်ခုသို့ ဖြတ်ကျော်သွားလာနေသည့် ခရီးသည်တင်ကားများ၊ ဘန်ကောက် မော်ချစ်မှ နယ်စပ်ဒေသသို့ သွားလာနေသည့် ဘတ်စ်ကားလိုင်းများလည်း ယာယီပိတ်သိမ်းထားမည် ဖြစ်သည်။

    အရေးပေါ်အခြေအနေ မကြေညာမီ မတ်လ (၂၂) ရက်နေ့ မှ (၂၄) ရက်များတွင် မဲဆောက်-မြဝတီ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်သွားသည့်အလုပ်သမားဦးရေ နေ့စဉ် တစ်သောင်းအထက်တွင် ရှိခဲ့သည်။

    ထိုင်းနိုင်ငံတွင် COVID – 19 ရောဂါ ပြန့် ပွားမှုကြောင့် မတ်လ (၂၅) ရက်နေ့ အထိ ရောဂါပိုး တွေ့ ရှိသူ ဦးရေ (၉၃၄) ဦး၊ သေဆုံးသူ (၄) ဦး ရှိသွားပြီဖြစ်သည်။ 

    ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအပါအဝင် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ မှ ဝင်ရောက်လုပ်ကိုင်သည့် အလုပ်သမား (၂) သန်းခန့် ရှိသည်။

    Photo- ထိုင်းဝန်ကြီးချူပ် ပရယုဂျန်အိုချာ(Internet)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts