Homeသတင်းမွန်ပြည်နယ်တွင် COVID-19 သံသယလူနာထားရှိရန် ကုတင် ၈၀၀ နီးပါး ပြင်ဆင်ထား

မွန်ပြည်နယ်တွင် COVID-19 သံသယလူနာထားရှိရန် ကုတင် ၈၀၀ နီးပါး ပြင်ဆင်ထား

-

အဂ္ဂနွန် (မော်လမြိုင်၊ မတ် ၂၅ )

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်လွယ်ရောဂါ သံသယစောင့်ကြည့်လူနာထားရှိရန် မွန်ပြည်နယ်အတွင်း ကုတင် ၈၀၀ နီးပါး ပြင်ဆင်ထားရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

“တစ်ပြည်နယ်လုံးအတိုင်အတာနဲ့ဆိုရင် လူ ၃၀၃ ယောက် လုပ်နိုင်ဖို့ စီစဉ်ပြီးသားပေါ့နော်၊ နောက်တစ်ခုကတော့ facility quarantine သတ်မှတ်ထားတဲ့နေရာမှာခေါ်ယူစောင့်ရှောက်ခြင်း ပေါ့နော် တကယ်လို့ ဆေးရုံမှာ မဆံ့တို့ဘာတို့ အဲ့လိုမျိုးဆိုလို့ရှိရင် facility quarantine ကလည်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် စီစဉ်တာ တစ်ပြည်နယ်လုံးဆိုလို့ရှိရင် ထားရှိနိုင်ဖို့ လူနာအရေအတွက် ၄၉၀ ယောက်စာ စီစဉ်ထားတယ်။” ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

ထို့အတူ အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 သံသယလူနာများ ကုသထားရှိရန်  မြို့နယ်အလိုက် စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း လက်ရှိတွင် COVID-19 သံသယစောင့်ကြည့်လူနာ ၂ ဦးနှင့် ဆေးရုံမှာ quarantine စောင့်ကြည့် လူနာ ၁၀ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“Hospital quarantine ဆေးရုံမှာ သီးသန့်ထားခြင်းဆိုတာ သံသယလူနာမဟုတ်ဘူး၊ သူက နိုင်ငံခြားက ပြန်လာတဲ့ history သမိုင်းကြောင်းလေးလည်းရှိတယ် ဖျားလည်း ဖျားတယ်ဆိုရင် သူ့ကို ခွဲထားလိုက်တာ။” ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

COVID-19 သံသယစောင့်ကြည့်လူနာ ၂ဦးနှင့် quarantine စောင့်ကြည့် လူနာ ၂ ဦးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရှိ မရှိ ဓာတ်ခွဲခန်းကို ပေးပို့ထားပြီး ၄ ဦးအနက် ၁ ဦးက ပိုးမတွေ့ရှိဘဲ ကျန်  ၃ ဦးကိုလည်း စစ်ဆေးဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပြည်တော်ပြန် မြန်မာလုပ်သားများကို ကျန်းမာရေးစစ်ဆေးပြီး home quarantine အနေဖြင့် အိမ်တွင်း သီးခြား ၁၄ ရက် နေထိုင်ရန် သက်ဆိုင်ရာများက ညွှန်းကြားထားသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါကူးစက်ခံရသူ ၃ ဦး ရှိပြီဖြစ်သည်။

Photo- မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံများကို လိုက်လံစစ်ဆေးစဉ်(မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts