Homeသတင်းမြဝတီမြို့တွင် ပိတ်မိနေသည့် ရွေ့ပြောင်းလုပ်သား ၁ ထောင်ကျော်ကို မွန်ပြည်နယ်အစိုးရမှ သွားရောက်ခေါ်ဆောင်

မြဝတီမြို့တွင် ပိတ်မိနေသည့် ရွေ့ပြောင်းလုပ်သား ၁ ထောင်ကျော်ကို မွန်ပြည်နယ်အစိုးရမှ သွားရောက်ခေါ်ဆောင်

-

ရန်လင်းအောင် (မော်လမြိုင်၊မတ်၂၅)

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပိတ်မိနေသည့် မွန်ပြည်နယ်မှ ရွေ့ပြောင်းလုပ်သား ၁ ထောင်ကျော်ကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ သွားရောက်ခေါ်ဆောင်ထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“မြဝတီကနေပြီးတော့မှ လူတစ်ထောင်ကျော်လောက် ပြန်လာဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က လှမ်းပြီးတော့ အကြောင်းကြားထားတာရှိတယ် ဒီကနေပြီးတော့မှ ယာဉ် ၁၀ စီး မြဝတီကို မနေ့က ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစီးတဲ့ အဖွဲ့ကနေပြီး သွားရောက်ခေါ်ဆောင်ဖို့ သွားနေပါပြီ” ဟု ဦးမြင့်သန်းဝင်းက မီဒီယာများကို ပြောသည်။

ပြည်နယ်သို့ ပြန်ရောက်လာကြသည့် သူတွေ အနေဖြင့်လည်း ကျန်းမာရေးအရ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ဦးမြင့်သန်းဝင်းက“ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းပြည်ကို ပြန်လာတယ် အမျိုးသားလုံး ကျန်းမာရေး ဘာပဲပြောပြော ပြန်ရောက်ရင် Home Stay နေဖို့ အမိန့်ညွှန်ကြားချက်လည်း ထုတ်ပြန်ထားတယ် ပြည်ထောင်စုလည်း အမိန့်ညွှန့်ကြားချက်တွေ ထုတ်ပြန်ထားတယ် Home Stay၁၄ရက်ကတော့ ဘယ်လိုဖြစ်ဖြစ် နေထိုင်ပေးရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်ဦးဆောင်သည့်အဖွဲ့က မြဝတီမြို့မှ ပြန်ရောက်လာသည့် ရွေ့ပြောင်းလုပ်သားများကို မြို့နယ်အလိုက် စုပြီး နေအိမ်အထိ ပို့ဆောင်ပေးသွားမည်ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

လက်ရှိမှာ ထိုင်းနိုင်ငံမှပြန်ရောက်လာသူများကို မော်လမြိုင် မြို့အဝင်ဂိတ်နှင့် ပြည်နယ် အတွင်း မြို့နယ်များတွင် ကျန်မာရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

Photo-မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂) ကို ကျော်ဖြတ်ပြန်လာနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ (Aung Tin KoKo)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts