Homeသတင်းမုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်းများ ခေတ္တရပ်နားမည်

မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်းများ ခေတ္တရပ်နားမည်

-

မင်းသစ္စာခိုင် (မတ် ၁၇)

မုဒုံမြို့နယ် မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ ဖွင့်လှစ်ခဲ့သော နွေရာသီမွန်စာပေသင်တန်းများကို ယနေ့မှစ၍ခေတ္တရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

COVID- 19 ကြောင့် လူစုလူဝေး ပြုလုပ်ခြင်း မပြုရန် အစိုးရအဖွဲ့ထုတ်ပြန်ထားသဖြင့် မြို့နယ်အဆင့် မွန်စာပေသင်တန်းကို ခေတ္တရပ်နားခြင်းဖြစ်ကြောင်း အကျိုးတော်ဆောင်အဖွဲ့ဝင် ဆရာတော်အရှင်သီဟက မွန်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

ဆရာတော်အရှင်သီဟက “ဧပြီလ ၃၀ ရက်နေ့အထိ မုဒုံမြို့နယ် မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ရဲ့ မွန်စာပေသင်ကြားမှုကို ခေတ္တခဏ ရပ်နားထားမယ်။ ကလေးတွေက တစ်ဦးနဲ့တစ်ဦး ကူးစက်သွားမှာ စိုးလို့ပါ။ ကလေးတွေအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့နယ်အဖွဲ့ကလည်း တာဝန်ရှိတဲ့အတွက် မွန်စာသင်တာကို ခဏရပ်ထားမယ်” ဟု မိန့်ကြားသည်။

မတ်လ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် မုဒုံမြို့နယ် မွန်စာပေသင်တန်းကို လာမည့် ဧပြီလ ၁၀ ရက်နေ့တွင်ပြီးဆုံးရန် စီစဉ်ခဲ့သော်လည်း COVID- 19 ကြိုတင်ကာလကွယ်သည့်အနေဖြင့် ယနေ့ကျင်းပသော အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ခေတ္တရပ်နားလိုက်ခြင်းဖြစ်သည်။

“ဒီလိုဖြစ်လာပြီဆိုတော့ သင့်တော်တာကိုပဲ ရွေးရတော့မယ်။ ကပ်ရောဂါဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ခေတ္တရပ်နားရမယ်။ တကယ်လို့ သင်္ကြန်အလွန်မှ ပြန်ဖွင့်ဖို့ အဆင်ပြေရင် ထပ်ဖွင့်ဖို့ လုပ်ရမှာပေါ့” ဟု နိုင်လှုံတိုက်နယ်မှ နွေရာသီမွန်စာပေကျောင်းဆရာ နိုင်ဗညားထောမွန်က ပြောသည်။

နွေရာသီ မွန်စာပေသင်ကြားရန် မုဒုံမြို့နယ်ရှိ တိုက်နယ်ပေါင်း (၁၁) ခုကို မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ မုဒုံမြို့နယ်ကို လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်ခန့်ခ စတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အဆင့် သင်တန်းဆင်းပွဲများကို တိုက်နယ်အလိုက်လှည့်လည်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အလားတူ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မော်လမြိုင်မြို့ အောက်ပဲခူးကျောင်းဆရာတော် သီလာစာရ၏ ဈာပနအခန်းအနားကိုလည်း ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းထားကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

Caption-နွေရာသီမွန်စာပေသင်တန်း စာမေးပွဲ ဖြေဆိုနေစဉ် (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts