Homeငြိမ်းချမ်းရေးလူကိုတိုက်ပြီး မောင်းပြေးသည့်ကား မွန်ပြည်နယ်အစိုးရအဖွဲ့ယာဉ် မဟုတ်ဟုဆို

လူကိုတိုက်ပြီး မောင်းပြေးသည့်ကား မွန်ပြည်နယ်အစိုးရအဖွဲ့ယာဉ် မဟုတ်ဟုဆို

-

ရန်လင်းအောင်(မော်လမြိုင်၊ မတ်လ ၆)

မော်လမြိုင်မြို့ ၊ဒေါင်းဇရပ်မီးပွိုင့်၌ မတ်လ ၄ ရက်နေ့ညက ဆိုင်ကယ်ကိုတိုက်ပြီး ထွက်ပြေးသွားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ယဉ်ဝင်ခွင့်တံဆိပ်ပါသည့် ကားသည် မွန်ပြည်နယ် အစိုးရအဖွဲ့၏မော်တော်ယာဉ်မဟုတ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်တိုက်မှုဖြစ်၍ မောင်းပြေးခဲ့သည့် ယာဉ်အမှတ် 9K/ 2419 HONDA INSIGHT ကားသည် လိုင်စင်မဲ့ဖြစ်ပြီး ကရင်ငြိမ်းချမ်းရးကော်စီ KNU/KNLA-PC မှ ဗိုလ်မှူး စောငွေကြည် မောင်းနှင်လာသည့် ကားဖြစ်သည်ဟု မုပွန်ရဲစခန်းက အတည်ပြုသည်။

“ဒီနှစ်မှာ နှစ်ကုန်တာနဲ့ ၂၀၂၀ အတွက်ကို ထပ်ပြီးထုတ်ပေးတယ် ထုတ်ပေးတဲ့ ပုံမှာလည်း ပုံစံအစစ်တွေအားလုံးပါပြီးသား ကုဒ်နံပါတယ်ပါတယ် စက္ကုနဲ့ လုပ်ထားတာမရှိဘူး” ဟု ဗိုလ်မှူးကြီးနေထွဌ်ဦးက ဆိုသည်။

မော်လမြိုင်မြို့  စမ်းကြီး မီးပွိုင့်အနီး၌ မတ်လ ၄ ရက်နေ့ညက  9K/ 2419 HONDA INSIGHT မော်တော်ယာဉ်တစ်စီးက Honda Wave 100 ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးသွားသည့် အဆိုပါ မော်တော်ယာဉ်မှ အစိုးရအဖွဲ့ရုံးတံဆိပ်ကို တွေ့ရှိခဲ့သည်ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းက ပြောသည်။

“တက္ကသိုလ်ပတ်လမ်းမှာပဲ အဆိုပါယာဉ်ကို တွေ့ရတယ် အတည်ပြုတယ် ပြီးတော့ ချက်ချင်းပိတ်ဆို့တယ် တားတယ် မရပ်တော့ နောက်ဆုံး ကျွန်တော်ကားနဲ့ တိုက်ပြီးရပ်လိုက်တယ် ရပ်လိုက်တဲ့ နောက်မှာ အရင်ဆုံးတွေ့ရတာက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတံဆိပ်ကို တွေ့လိုက်ရတယ် ဒီကားရဲ့ ယာဉ်မောင်းကို တွေ့ပြီးတော့ မေးတယ် ဘယ်ကကားလည်းဆိုတော့ သူကလူကြီးကားပဲလို့ပြောတယ် ” ဟု ကိုဘိုဘိုဝင်းက ဆိုသည်။

လက်ရှိ အဆိုပါ ထိခိုက်သွားသည့်လူနာမှာ နှာခေါင်း သွေးယိုစိမ့်ခဲ့ပြီး ဦးနှောက်ထိခိုက်သွားသည့် အနေအထားတွေရှိသည်ဟုလည်း ၎င်းကယူဆသည်။

အဆိုပါယာဉ်မောင်းကို လိုင်စင်မဲ့ယာဉ် ပုဒ်မ ၈ နှင့် ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈တို့ဖြင့် မုပွန်နယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးလျက်ရှိပြီး အယောင်ဆောင်မှုဖြင့် အစိုးရအဖွဲ့က တရားစွဲဆိုသွားဖို့ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts