spot_img
Monday, January 20, 2025
More
    spot_img
    Homeသတင်းအစိုးရနှင့်အငှားစာချုပ်မရှိဘဲ မော်လမြိုင်ကမ်းနားလမ်း၌ Cargo Bar တည်ဆောက်ထား

    အစိုးရနှင့်အငှားစာချုပ်မရှိဘဲ မော်လမြိုင်ကမ်းနားလမ်း၌ Cargo Bar တည်ဆောက်ထား

    -

    မင်းအတွဒ်(မော်လမြိုင်၊ ဖေဖော်ဝါရီလ ၁၉)

    မွန်ပြည်နယ် မော်လမြိုင်ကမ်းနားလမ်း၊ ရာမညစင်တာဘေးရှိ Cargo Bar&Grill သည် အစိုးရထံနှင့် အငှားစာချုပ်မရှိဘဲ တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

    ဒေါက်တာအောင်နိုင်ဦးက “ကွန်တိန်နာကို ချပြီးတော့ အလုပ်သမားတွေ တည်းခိုတဲ့နေရာမျိုး ယာယီတည်းခိုစခန်းပုံစံမျိုးနဲ့ ဆောက်ထားတာ၊ အခုက CARGO ဆိုတဲ့ စည်ဘီယာဆိုင်ဖြစ်နေတယ်၊ ဒါက စာချုပ်ထဲမှာ လုံးဝမပါတဲ့ အဆောက်အဦးတစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

    ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေး၌ ရာမညဆိပ်ခံတံတား အကြီးစားပြင်ဆင်မွမ်းမံပြီး နှစ်ရှည်ငှားရမ်းသည့် ကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

    သို့ရာတွင် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က“အပန်းဖြေရေဆင်းဆိပ်ဆိုတာကို မြို့တော်အင်္ဂါရပ်နှင့်အညီ ကြီးကြီးကျယ်ကျယ်တင်ပြလာခြင်းဖြစ်တဲ့အတွက် လက်ရှိမှာ အစိုးရအနေနဲ့ စိစစ်ဆောင်ရွက်ဆဲကာလဖြစ်ပြီး ဆိုင်းငံ့ရခြင်းဖြစ်ပါတယ်၊ နောက်Cargo Beer ဆိုင်ဖြစ်နေရတဲ့ကိစ္စနှင့်ပတ်သက်ပြီး  အသေးစိတ်ပြန်လည်စိစစ်ပြီး ၁၀ ရက်အတွင်း ပြန်လည်ပေးပို့ဖြေကြားသွားမှာဖြစ်ပါတယ် ” ဟု ဆိုသည်။

    စာချုပ်ပါသတ်မှတ်ချက်အရ ရာနှုန်းပြည့်တည်ဆောက်ပြီးမှသာ မြို့နယ်စည်ပင်အဖွဲ့သို့လွဲပြောင်းရမှာဖြစ်ပြီး ယင်းကဲ့သို့ဆိုင်းငံ့ထားခြင်းသည် စာချုပ်ပါသဘောတူညီချက်နှင့် ကိုက်ညီမှုမရှိဟု ဒေါက်တာအောင်နိုင်ဦးက  ပြန်လည်ထောက်ပြပြောဆိုသည်။

    ရာမညဆိပ်ခံတံတားကို  Golden Mawlamyine Co.Ltd က အနှစ်၂၀ သက်တမ်းဌားရမ်း၍ ပထမငါးနှစ်တွင် တစ်လ၂ သိန်း၊ ဒုတိယငါးနှစ်တစ်လ ၃ သိန်း၊ တတိယငါးနှစ်တစ်လ ၄ သိန်းခွဲ နောက်ဆုံးငါးနှစ်တစ်လ ၆ သိန်း ၇ သောင်းခွဲတစ်နှစ်တစ်ကြိမ်ပေးဆောင်ရမည်ဟု စာချုပ်ထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

    ရာမညဆိပ်ခံတံတား (ကျားတံတား)အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်ကတည်းက မွန်ပြည်နယ် အစိုးရ၏ သဘောတူညီမှုဖြင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ Golden Mawlamyine Co;Ltd. နှင့် နှစ်ဦးနှစ်ဖက်  စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ၎င်း၏တည်ဆောက်ရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ၁၉ လသတ်မှတ်ထားပြီး အဆိုပြုအဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို လွဲပြောင်းရမည်ဖြစ်ကြောင်း၊ ယင်းအပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများအား ပြင်ဆင်ခြင်း တိုးချဲ့တည်ဆောက်ခြင်းမပြုရန်အချက်များ ပါဝင်သည်။

    Caption- မော်လမြိုင်ကမ်းနားလမ်းရှိ Cargo Bar (MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts