Homeသတင်းမိန်ဘလာတောင် သေမင်းတမန်ရတနာတိုက် တူးဖော်မှုတွင် အစိုးရဝန်ထမ်းတစ်ဦး ပါဝင်နေမှုနှင့် ပတ်သက်ပြီး လွှတ်တော်ဒုဥက္ကဋ္ဌ မေးခွန်းထုတ်

မိန်ဘလာတောင် သေမင်းတမန်ရတနာတိုက် တူးဖော်မှုတွင် အစိုးရဝန်ထမ်းတစ်ဦး ပါဝင်နေမှုနှင့် ပတ်သက်ပြီး လွှတ်တော်ဒုဥက္ကဋ္ဌ မေးခွန်းထုတ်

-

မင်းအတွဒ် (မော်လမြိုင်၊ ဖေဖော်ဝါရီလ ၁၁)

သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာအပိုင် ဂျပန်ခေတ် သေမင်းတမန်ဟုလူသိများသော မိန်ဘလာတောင် ရတနာသိုက် တူးဖော်မှုတွင် ဆည်မြောင်း ဦးစီးဌာန ဝန်ထမ်းတစ်ဦး ပါဝင်နေပြီး သက်ဆိုင်သည့် ဌာနနှင့် အစိုးရမှ ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန် ချပြခြင်း မရှိသည့်အပေါ်  မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက မေးခွန်ထုတ် မေးမြန်းခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့မှာ မိန်မလာတောင် မြေတူးဖော်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဖြစ်နိုင်ချေ ကနဦး လေ့လာဆန်းစစ်မှု ဖြစ်နိုင်မဖြစ်နိုင် လေ့လာဆန်းစစ်မှု ဖြစ်နိုင်ချေ လေ့လာဆန်းစစ်မှု၊   ဒီအလုပ်လုပ်ကို လုပ်ဖို့အတွက် ဖြစ်နိုင်မဖြစ်နိုင်ကို လေ့လာခွင့်ပေးတာ ၊ ဖြစ်နိုင် မဖြစ်နိုင် လေ့လာခွင့်တဲ့အချိန်မှာ ဘယ်သူမှ လုပ်ငန်းကို စတင် အကောင်အထည်ဖော်လို့ မရဘူး ကိုက လေ့လာ ဖြစ်နိုင်ချေရှိမှ နောက်တစ်ဆင့် MoUသွားတာတို့ ဒါမျိုး သွားရမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

လေ့လာဆန်းစစ်သည့် နေရာတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ကုမ္ပဏီကို လုံခြုံရေး မပေးနိုင်တာက လွဲပြီးတော့ ခွင့်ပြုထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

“တူးဖော်တဲ့နေရာမှာ မြေတူးဖော်သည့် ကိစ္စ ပါဝင်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး စူးစမ်းလေ့လာတယ် ဆိုကတည်းကိုက ကျွန်တော်တို့က လုံခြုံရေး မပေးနိုင်ဘူး တစ်ခုတည်း ပါဝင်ပါတယ် ဆန်းစစ်မယ် ဆိုလိုရှိရင် တူးဖော်နိုင်တယ် ဆိုတဲ့ အကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ် ” ဟု ဦးမင်းကျော်လွင်က ဆိုသည်။

၂၀၁၈ ဧပြီလမှ စတင်ပြီး ၂၀၁၉ ခု နှစ်ကုန်အထိ မိန်ဘလာတောင် ရတနာသိုက်တူးဖော်မှု  Royal Eagle Myanmar Development Group ကုမ္ပဏီလီမိတက်ကို ကနဦး လေ့လာဆန်းစစ် အဖြစ်  မွန်ပြည်နယ် အစိုးရက  ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ၂၀၂၀ခုနှစ် ဇန်နဝါရီလဆန်းပိုင်းပြီး မိန်ဘလာတောင် တောင်ခြေတွင်Royal Eagle Myanmar Development Group ကုမ္ပဏီ လီမိတက်က မြေတူးဖော် လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိသည့် ပြည်နယ်ဝန်ကြီးချုပ်အပေါ် နိုင်ငံရေး စောင့်ကြည့်လေ့လာသူများနှင့် ပြည်သူများက ဝေဖန်ခဲ့သည်။

မိန်ဘလာတောင်ပေါ်တွင် ဒုတိယကမ္ဘာစစ် ဂျပန်စစ်ကျန်လက်နက်ပစ္စည်း တရားဝင်တူးဖော်ခြင်းအားမွန်ပြည်နယ်အစိုးရမှ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း  မွန်သတင်းအေဂျင်စီနှင့် ၂၀၁၈ ခုနှစ်က အင်တာဗျူးတစ်ခုတွင် မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားခဲ့သည်။

Photo-မိန်ဘလာတောင် ရတနာသိုက် တူးဖော်မှုရှေ့ပြေးစီမံကိန်း(Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts