Thursday, March 12, 2026
More
    spot_img
    Homeသတင်းဝင်းစိန်တောရ ဆရာတော်မွေးနေ့ဘုရားပွဲအတွင်း ရပ်ဝေးမှခါးပိုက်နှိုက်များ အုပ်စုလိုက်ဖမ်းမိ

    ဝင်းစိန်တောရ ဆရာတော်မွေးနေ့ဘုရားပွဲအတွင်း ရပ်ဝေးမှခါးပိုက်နှိုက်များ အုပ်စုလိုက်ဖမ်းမိ

    -

    အတွဒ် (မော်လမြိုင်၊ ဇန်နဝါရီလ ၂၃)

    မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊ ကျောက်တလုံးကျေးရွာရှိ ဝင်းစိန်တောရ ဆရာတော် မွေးနေ့ ဘုရားပွဲအတွင်း ရပ်ဝေးမှ ခါးပိုက်နှိုက် ၈ ဦးဖမ်းမိထားပြီး ၎င်းတို့မှာတစ်အုပ်စုပင်ဖြစ်ကြောင်း မုဒုံမြို့မ စခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်းက ပြောကြားသည်။

    ပျံလွန်တော်မူပြီးသည့် ဝင်းစိန်တောရ ဆရာတော်၏ သက်တော် ၉၉ နှစ်မြောက် မွေးနေ့ပူဇော်ပွဲ၊ အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရားကြီးဗုဒ္ဓပူဇနိယ ပွဲတော်၊ မွေးနေ့စေတီ ထီၤးတော်တင်လှုပွဲ နှင့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အားသင်္ကန်းကပ်လှူပွဲကို နာမည်ကြီးဇာတ်ပွဲ၊ လက်ဝှေ့ပွဲများဖြင့် ဇန်နဝါရီလ ၁၈၊၁၉၊၂၀ သုံးရက်သုံးညတိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်အရေအတွက် သောင်းနှင့်ချီ၍ လာရောက်ခဲ့ကြသည်။

    ”“၁၈ ရက်နေ့မှာ အမျိုးသမီးနှစ်ယောက်ဖမ်းမိတယ်၊ ၁၉ ရက်နေ့မှာ စောင့်ကြည့်တယ်၊ ၂၀ ရက်နေ့မှာတော့  ၃ ဖွဲ့ ဖမ်းမိတယ် ၃ ဖွဲ့ဆိုပေမဲ့ တစ်ဖွဲ့တည်းပါပဲ“  ဟု ဒုရဲမှူး အောင်မျိုးထွန်းက ဆိုသည်။

    ခါးပိုက်နှိုက်ဟုယူဆရသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို ငွေသား ၄သိန်းကျော်နှင့် ဖုန်း ၇ လုံး၊ လက်စွပ်တစ်ကွင်းနှင့် ပစ္စည်းများ သိမ်းဆည်းရမိထားပြီး ၎င်းတို့ ၈ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ခိုးမှုဖြင့် မုဒုံမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

    “အရပ်ဝတ်နဲ့ နယ်လှည့်ကင်း ချထားတယ်လေ၊ စတုဒီတာကျွေးတဲ့အခါကျတော့ အားလုံးက စတုဒီတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြ သောက်ကြတာပေါ့လေ၊ အဲ့အချိန်မှ ခါးပိုက်နှိုက်တွေက အများဆုံးလှုပ်ရှားတာဆိုတော့ အဲ့ဒီမှာ အသွင်ရုပ်နဲ့ ဖမ်းတာ မိတာပါပဲ” ဟု မုဒုံမြို့မ ရဲစခန်းမှူးက ဆိုသည်။

    အလားတူ ကျိုက်ထီးရိုးတောင်ပေါ်တွ ဘုရားဖူးပြည်သူများထံမှ ပစ္စည်းနှင့် ငွေများလိုက်လံ နှိုက်ယူသူ အသက် ၇၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးအပါဝင် ခါးပိုက်နှိုက် ၈ ဦးအား ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က  ဖမ်းဆီးရမိထားကြောင်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

    Photo- ခါးပိုက်နှိုက်ဟုယူဆရသူများကို ဖမ်းဆီးချုပ်နှောင်ထားစဉ်(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks