spot_img
Saturday, December 13, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်တပ်တည်စခန်းကို တပ်မတော်မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာခြင်းသည် NCA စာချုပ်ချိုးဖောက်သည်ဟု မွန်ပြည်သစ်ပါတီပြော

    မွန်ပြည်သစ်တပ်တည်စခန်းကို တပ်မတော်မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာခြင်းသည် NCA စာချုပ်ချိုးဖောက်သည်ဟု မွန်ပြည်သစ်ပါတီပြော

    -

    မွန်သတင်းအေဂျင်စီ-(နိုဝင်ဘာ-၂၇)

    ထိုင်းမြန်မာနယ်စပ် နယ်နိမိတ်ကိစ္စကိုအကြောင်းပြု၍ မွန်ပြည်သစ်ပါတီတပ်တည်စခန်း ဂျပန်ရေတွင်းရွာသို့ ယနေ့နံနက်ပိုင်းတွင် တပ်မတော်မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ခြင်းလာခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ချိုးဖောက်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

    မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းက “ ကျနော်တို့တပ်ဖွဲ့အတွက် တပ်တည်ခွင့်ပြုထားတဲ့နေရာကို အခုလိုအလုံးအရင်းနဲ့အင်အားသုံးပြီး ဝင်ရောက်လာတာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်၊ အပစ်ရပ်သဘောတူညီချက်အရ ကျနော်တို့ခွင့်ပြုမှသာ ကျနော်တို့ဧရိယာထဲကို ဝင်လို့ရမယ်၊ ခွင့်ပြုချက်မရှိဘဲ အတင်းဝင်လာရင် အောက်ခြေမှာ ထိတွေ့ပစ်ခတ်မှုတွေက ဖြစ်လာမှာပဲ” ဟု ပြောသည်။

    တပ်မတော်မှ ဗျူဟာမှူးအပါအဝင် နယ်မြေခံတပ်ရင်းမှူး၊ မွန်ပြည်သစ်ပါတီဆက်ဆံရေးအရာရှိတစ်ဦးတို့နှင့်အတူ တပ်ဖွဲ့ဝင်များ ဂျပန်ရေတွင်းရွာသို့ မော်တော်ကားများဖြင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ဝင်ရောက်လာရာ မွန်ပြည်သစ်ပါတီမှ စတင်ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မွန်သတင်းအေဂျင်စီမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

    “ကျနော်တို့ဆက်ဆံရေးရုံးက တားပါတယ်၊ ခဏစောင့်ပေးပါ၊ ဗဟိုခွင့်ပြုချက်ပေးမှသွားပါ၊ အချိန်မစောင့်တော့ဘဲနဲ့ အခုလိုသူတို့ဆက်သွားတော့ ပစ်ခတ်တာတွေဖြစ်လာရတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

    ယင်းသို့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ထပ်မံရောက်ရှိလာရာ ဂျပန်ရေတွင်းရွာအခြေစိုက် မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်ရုံး(အမှတ် ၅ တပ်ရင်း၊ တပ်ခွဲရုံး) ကို ဝင်ရောက်တိုက်ခိုက်ပြီး မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဘောလုံးကွင်းနေရာအပါအဝင် ရွာဧရိယာထက်ဝက်နီးပါးခန့်ကို တပ်မတော်မှထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

    အဆိုပါ ဖြစ်စဉ်ကြောင့် ဂျပန်ရေတွင်းနှင့် ကြံတောကျေးရွာမှ ရွာသား ၅၀၀ ထက်မနည်း ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီး ထိုင်းနယ်မြေအတွင်းရှိ မွန်ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့များထံမှ သတင်းရရှိသည်။

    နဝတအစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်ရပ်သဘောတူညီချက်၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီတို့ ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် ၂၀၁၂ ခုနှစ် သဘောတူညီချက်၊ ၂၀၁၈ ခုနှစ်က မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးစဉ် ယခင်သဘောတူညီချက်များအား ပြန်လည်အတည်ပြုချက်အရ ဂျပန်ရေတွင်းရွာသည် မွန်ပြည်သစ်ပါတီ၏ အမြဲတမ်းတပ်တည်ခွင့်ပြုထားသည့်နေရာဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် ဘုရားသုံးဆူ ဒေသတွင် ဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် တိုက်ပွဲမှာ အဖွဲ့ အစည်း ပြဿနာမဟုတ်ဘဲ နားလည်မှု လွဲမှား၍ ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts