spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းOnline မီတာခပေးသွင်းစနစ် မကြာမီအကောင်အထည်ဖော်နိုင်မည်ဟု မွန်လျှပ်စစ်ဝန်ကြီးပြော

    Online မီတာခပေးသွင်းစနစ် မကြာမီအကောင်အထည်ဖော်နိုင်မည်ဟု မွန်လျှပ်စစ်ဝန်ကြီးပြော

    -

    ရွှေရိုး (မော်လမြိုင်၊ ဇွန် ၄)

    Online တွင် လျှပ်စစ်မီတာခပေးသွင်းမည့်စနစ်ကို မကြာမီ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းက ပြောသည်။

    “အခုက ဘာပဲပြောပြော မီတာခအွန်လိုင်းကနေသွင်းဖို့ဆိုတာ ESEI မှာ စီမံချက်ချနေပြီး လုပ်နေတယ်။ ဒီစီမံချက်က နှစ်နဲ့ချီပြီး မကြာဘူး။ သုံးလေးလအတွင်း သူတို့ အဖြေထွက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မီတာဈေးနည်းလို့ မဖတ်နိုင်တဲ့ကိစ္စဟာ ပျောက်ကွယ်သွားပါလိမ့်မယ်။ မကြာခင်မှာ သူတို့ ပြည်ထောင်စုဝန်ကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းက နေ့ရောညပါ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်”ဟု ဦးလှထွန်းက ပြောသည်။

    အဆိုပါ Online မီတာခစနစ် အကောင်အထည်ဖော်နိုင်သည့်အခါ မီတာခ ခန်းမှန်းဖတ်နေရသည့် ပြဿနာများလည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ပြည်သူများထိခိုက်နစ်နာမှုရှိမည် မဟုတ်တော့ကြောင်း ၎င်းက ဆိုသည်။

    သက်ဆိုင်ရာ အစိုးရလျှပ်စစ်ဝန်ထမ်းများအနေဖြင့် မီတာကို လုံးဝမဖတ်ဘဲ တစ်လ ၃၀၀၀ ကျပ်ကျသင့်သည်ကို ၁၀၀၀၀ ကျပ်ဖြင့် ခန်းမှန်းကောက်ခံနေသည်မှာ လက်ရှိမြေပြင်အနေအထားတွင်ဖြစ်ပျက်နေသည့်အတွက် ဝန်ကြီးတို့က မည်ကဲ့သို့ထိန်းကျောင်းပေးမည်ကို သတင်းထောက်တစ်ဦးမေးမြန်းခဲ့ရာ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    လျှပ်စစ်ဓာတ်အားသုံးစွဲခကို လက်ရှိကောက်ခံနေသည့်စနစ်အရ ဝန်ထမ်းအင်အားလုံလောက်မှုမရှိခြင်း၊ မီးတာတွက်ချက်မှု မှန်ကန်မှုမရှိခြင်း၊ မီးတာခပေးသွင်းရသည့်သွားလာရေးစရိတ်များပါ ပြည်သူများက အခက်ကြုံတွေ့နေရကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

    မွန်ပြည်နယ်တွင် လျှပ်စစ်မီတာနှုန်းထားဝန်ဆောင်ခကို Online (သို့) Mobile App စနစ်ဖြင့် ပြောင်းလဲအသုံးပြုရန် တိုက်တွန်းကြောင်း အဆိုကို မေလ ၆ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုထားသည်။


    Photo- မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks