Homeသတင်းဝန်ကြီး ဦးမြင့်မောင် ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် သမ္မတခန့်အပ်

ဝန်ကြီး ဦးမြင့်မောင် ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် သမ္မတခန့်အပ်

-

မွန်သတင်းအေဂျင်စီ(မတ် ၂၂ )

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ကြီး ဦးမြင့်မောင် ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့မတ်လ ၂၂ ရက်စွဲဖြင့် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ယခင်တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် တာဝန်မှရပ်စဲကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော် အပါအဝင် Global Grand Services (GGS) ကုမ္ပဏီ ထိပ်တန်းအရာရှိများဖြစ်ကြသော အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ စစ်ဆေးအရေးယူထားခြင်းဖြစ်ပြီး အမှုတစ်ခုတည်းပင် ထောင် ၁၅ နှစ်အထိ ကျနိုင်ကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်သည်။

အလားတူ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့နှစ်ဦးကို ကာယကံရှင်သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အသစ်ခန့်အပ်ခံလိုက်ရသော ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဒေသကြီး NLD ပါတီအတွင်းရေးမှူးဖြစ်ပြီး လက်ရှိတွင် ကော့သောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။


Photo- တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် (Dawei Watch)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts